မြန်မာနေရှင်နယ်လိဒ်ကလပ်ရန်ကုန်ယူနိုက်တက်အသင်းကတော့မြန်မာနေရှင်နယ်လိဒ်ရဲ့

အအောင်မြင်ဆုံးအသင်းတစ်သင်းပဲဖြစ်ပါတယ်။နိုင်ငံ့လက်ရွေးစင်ကစာသမားတွေနဲ့တူတူလူငယ်

ကစားသမားတွေကိုအများဆုံးမွေးဖွားပေးတဲ့အသင်းလည်းဖြစ်ပါတယ်။ရန်ကုန်ယူနိုက်တက်အသင်းက

တော့မြန်မာနေရှင်နယ်လိဒ်မှာကိုယ်ပိုင်အိမ်ကွင်းပိုင်ဆိုင်ထားတဲ့အသင်းဖြစ်ပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းဟာမနှစ်ကလည်းပြည်တွင်းဖလား၃ခုလုံးကိုဆွတ်ခူးပြီး

အအောင်မြင်ဆုံးအသင်းအဖြစ်ရပ်တည်ခဲ့တာဖြစ်ပါတယ်။ဒီနှစ်မှာတော့ရန်ကုန်အသင်းဟာပြည်တွင်း

ပြိုင်ပွဲတွေအပြင်အာရှကလပ်ပြိုင်ပွဲတွေကိုပါယှဉ်ပြိုင်နေရတာဖြစ်ပါတယ်။ရန်ကုန်ယူနိုက်တက်အသင်းဟာAFC Champion league ခြေစစ်ပွဲမှာလည်းခြေစွမ်းကောင်းတွေနဲ့နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်ခဲ့ပါတယ်။အင်အားကြီးအသင်း

တွေကိုဘယ်လိုမှမယှဉ်ပြိုင်နိုင်ပဲခြေစစ်ပွဲမအောင်ခဲ့တာဖြစ်ပါတယ်။

အဲ့လိုခြေစွမ်းကောင်းတွေပိုင်ဆိုင်ထားတဲ့ရန်ကုန်အသင်းကတော့အာစီယံဒေသအတွင်းကကလပ်တွေထဲ

မှာတော့အဆင့်၆နေရာရပ်တည်နေတာဖြစ်ပါတယ်။ထိုင်းပရီးမီးယားလိဒ်ကလပ်တွေက

ထိပ်ဆုံးမှာရပ်တည်နေတာဖြစ်ပြီးမြန်မာကလပ်တွေထဲမှာရန်ကုန်အသင်းက၆နေရာရပ်တည်

နိုင်တဲ့တစ်ဦးတည်းသောအသင်းဖြစ်ပါတယ်။အာရှကလပ်တွေမှာတော့အဆင့်၆၅ထိရပ်တည်နေတာဖြစ်ပါတယ်။

SOURCE:Asean Football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။