သရုပ်ဆောင် မင်းသားချော အောင်ရဲလင်းကတော့ စတိုင်ကျကျ ဝတ်စားဆင်ယင်တတ်ပြီး အမြဲလိုလို အထာကျနေတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ကိုရီးယားမင်းသားတစ်ဦးလို ချောမောခန့်ညားတဲ့ ဥပဓိရုပ်ကို ပိုင်ဆိုင်ထားတဲ့ အောင်ရဲလင်းက မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးမှုကို ရရှိထားပါတယ်။ လက်ရှိမှာတော့ အောင်ရဲလင်းက တောင်ကြီးမြို့လေးမှာ "သွေးကြွေး" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို သွားရောက်ရိုက်ကူးနေပါတယ်။

ဒီဇာတ်ကားထဲမှာတော့ အောင်ရဲလင်း၊နေမျိုးအောင်၊ အေးမြတ်သူ၊ အိချောပိုနဲ့ မေမြင့်မိုရ်တို့က အဓိကပါဝင်သရုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ မင်းသမီးချောလေးတွေကြားမှာ ကိုလူချောလေးအဖြစ် မြင်တွေ့ရမယ့် အောင်ရဲလင်းကတော့ အရမ်းကို မျက်နှာပွင့်နေတာ ဖြစ်ပါတယ်။ အခုလည်း မေမြင့်မိုရ်က အောင်ရဲလင်းတို့နဲ့အတူ ရိုက်ကူးနေတဲ့ ရှုတင်က ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးထားပါတယ်။

မေက " တောင်ကြီး Shooting. NewFilm " ဆိုပြီး ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ပျော်ပျော်ပါးပါး ရုပ်ရှင်ရိုက်ကူးနေတဲ့ ပုံရိပ်လေးတွေကို တင်ပေးထားတာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ မင်းသမီးချောလေးတွေနဲ့ အရမ်းကို ခန့်ညားနေတဲ့ မင်းသားချော အောင်ရဲလင်းတို့ရဲ့ ပုံလေးတွေကတော့ ပရိသတ်တွေကို အချစ်ပိုစေခဲ့ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် "သွေးကြွေး" ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတဲ့ အနုပညာရှင်တို့ရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:May Myint Mo, Ei Chaw Po & Myat Lay ML;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။