မနေ့ညကကစားခဲ့တဲ့ အက်သလက်တီကိုနှင့်ပွဲစဉ်တွင် တိုက်စစ်မှူးစီရော်နယ်ဒိုရဲ့ဟက်ထရစ်သွင်းဂိုးဖြင့် အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သော်လည်း ၎င်းရဲ့အောင်ပွဲခံခဲ့သည့် ပုံစံနှင့်ပက်သက်ပြီး ယူအီးအက်ဖ်အေရဲ့အရေးယူခံရဖွယ် ရှိနေတာပဲ ဖြစ်ပါတယ်။ ဂျူပင်တပ်အသင်းအနေဖြင့် အိမ်ကွင်းတွင် အက်သလက်တီကို အသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ရပြီးနောက် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှ ထွက်ခွာရတော့မည့် အခြေအနေတွင် ဒုတိယအကျော့မှာ သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းကြောင့် ကွာတားဖိုင်နယ်အဆင့်သို့ အံ့အားသင့်ဖွယ် တက်ရောက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

သူဟာ တီကိုအသင်းကို စပိန်မြေတွင် ရှုံးနိမ့်စဉ်အခါက တီကိုအသင်းနည်းပြ ဆီမြွန်နီအောင်ပွဲခံခဲ့တဲ့ ပုံစံမျိုးဖြင့် အောင်ပွဲခံခဲ့ခြင်းသာဖြစ်ပြီး ဆီမြွန်နီကိုပြန်လည်တုံ့ပြန်လိုတဲ့ ရည်ရွယ်ချက်ဖြင့်သာ အောင်ပွဲခံခဲ့တာပဲ ဖြစ်ပါတယ်။ တီကိုနည်းပြ ဆီမြွန်နီဟာ ထိုကဲ့သို့အောင်ပွဲခံခဲ့ခြင်းကြောင့် ယူအီးအက်ဖ်အေရဲ့အရေးယူမှုကိုခံခဲ့ရပြီး တိုက်စစ်မှူးစီရော်နယ်ဒိုသည်လည်း ယင်းပြစ်ဒဏ်မျိုးခံရဖွယ်ရှိနေတာပဲဖြစ်ပါတယ်။ 

စီရော်နယ်ဒိုရဲ့ အောင်ပွဲခံတာနဲ့ပက်သက်ပြီး ယူအီးအက်ဖ်အေက တစ်စုံတစ်ရာသတင်းထုတ်ပြန်ခြင်းမရှိသေးသော်လည်း (၁၆) သင်းအဆင့်အပြီးတွင် ရော်နယ်ဒိုအားစုံစမ်းစစ်ဆေးသွားဖွယ် ရှိနေတာပဲ ဖြစ်ပါတယ်။

Source - Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။