နိုင်ငံပေါင်း ၅၀ လောက်မှာ ပြေးဆွဲမှု ရပ်ဆိုင်းလိုက်ကြတဲ့ Boeing 737 Max 8 လေယာဉ်

လက်ရှိအချိန်မှာတော့ ကမ္ဘာ့နိုင်ငံတော်တော်များများမှာ Boeing 737 Max 8 လေယာဉ်အမျိုးအစား ပြေးဆွဲတာကို ရပ်တန့်ခဲ့ကြတယ်လို့သိရပါတယ်။

၎င်းနိုင်ငံတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ၎င်းလေယာဉ်အမျိုးအစား အီသီယိုးပီးယားနိုင်ငံအတွင်းမှာ ပျက်ကျခဲ့တဲ့ ဖြစ်စဉ်ပြီးနောက် အသုံးပြုမှုကို ရပ်တန့်ခဲ့ကြတာပဲဖြစ်ပါတယ်။



ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ထိဆိုရင်လည်း ၎င်းလေယာဉ်အမျိုးအစားကို ပြေးဆွဲမှု ရပ်ဆိုင်းခဲ့တဲ့ နိုင်ငံပေါင်း ၅၀ ရှိနေပြီလို့သိရပါတယ်။

လက်ရှိအချိန်မှာဆိုရင်လည်း ဘိုးရင်းကုမ္ပဏီနဲ့ အမေရိကန် အရပ်ဘက် လေကြောင်းစုံစမ်းစစ်ဆေးရေး တာဝန်ရှိသူတွေက အီသီယိုးပီးယား အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး လေယာဉ်ပျက်ကျခဲ့ရတဲ့ အကြောင်းရင်းကို ဝိုင်းဝန်းရှာဖွေနေကြပါတယ်။

ဒါ့အပြင် ဘိုးရင်းကုမ္ပဏီအနေနဲ့လည်း လူတွေ စိုးရိမ်ကြောက်လန့်ရတဲ့ ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့ Boeing 737 Max 8 လေယာဉ်အမျိုးအစား ပြေးဆွဲတာကို တကမ္ဘာလုံးမှာ ရပ်ကြဖို့ ထောက်ခံသွားမယ်လို့ ပြောကြားထားတာကိုတွေ့ရပါတယ်။

source -dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။