မော်ဒယ်လ်သရုပ်ဆောင် ညိမ်းသော်ကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲမော်ဒယ်လ်တစ်ဦးဖြစ်ပြီး ရုံတင်ပြသခဲ့သော "ည" ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဇာတ်ရုပ်ပိုင်နိုင်စွာ ပါဝင်ရိုက်ကူးခဲ့တာကိုပရိသတ်တို့ရှုမြင်ခံစားခဲ့ကြရမှာပါ...။ ဖက်ရှင်မော်ဒယ်လ်တစ်ယောက်အဖြစ် အနုပညာလောကထဲကိုဝင်ရောက်လာတာဖြစ်ပြီး အခုချိန်မှာတော့ ပရိသတ်များစွာရဲ့ တစ်ခဲနက်အားပေးမှုကို ရယူပိုင်ဆိုင်ထားတာဖြစ်ပါတယ်...။ ခရီးသွားဝါသနာပါသူဖြစ်ပြီး ခရီးသွားမှတ်တမ်းပုံရိပ်လေးတွေကိုလည်း အမြဲလိုလိုမြင်တွေ့ကြရမှာပါ...။

ကိုးရီးယားမင်းသားတစ်ယောက်လိုချောမောတာဖြစ်ပြီး တစ်နိုင်ငံလုံးရှိ မိန်းကလေးပရိသတ်တွေက သဲသဲလှုပ်အားပေးလျက်ရှိတာဖြစ်ပြီး ညိမ်းသော်ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ Photo shooting တွေရိုက်ကူးလေ့ရှိပြီး၊ ဖွင့်ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်ခဲ့တာဖြစ်ပါတယ်။ ကြော်ငြာများစွာကိုလည်းလက်ခံရိုက်ကူးထားပြီး ရိုက်ကွင်းပေါ်က ပုံရိပ်အလန်းစားလေးတွေကိုလည်း အမြဲလိုလိုရှုစားကြရမှာပါ...။ ပရိသတ်ကြီး ကြည့်ရှုခံစားရအောင်လည်း အမိုက်စားtik tok ဗီဒီယိုဖိုင်လေးတွေကို တင်ဆက်ပြသလေ့ရှိတာဖြစ်ပါတယ်....။

ညိမ်းသော်ကပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် သူရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း ပူတာအိုမြို့ ရှိ ကောင်းမှုလုန်စေတီတော်ကို ဖူးမြှော်ဖို့သွားရောက်နေတာဖြစ်ပြီး လမ်းခုလတ်မှာ ခဏအပန်းဖြေအနားယူနေတာကိုမြင်တွေ့ရမှာပါ...။ ညိမ်းသော်ရဲ့ official facebook acc တွင် "အလွမ်းတွေသာ အသက်ဝင်ခဲ့ရင်" ဆိုတဲ့ status လေးနဲ့တကွ ပျိုမေတို့ကြွေဆင်းသွားလောက်တဲ့ ပုံရိပ်လေးတွေနဲ့အတူ ထုတ်ဖော်ပြသထားတာဖြစ်ပါတယ်...။ Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်....။

Source Nyein Thaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။