Britney Spears ဟာဆိုရင် တစ်ချိန်က အောင်မြင်ကျော်ကြားတဲ့ ကမ္ဘာကျော်အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ ခုချိန်ထိလဲ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ပရိသတ်တွေက သိရှိနေတုန်ပါ။ သူရဲ့သီချင်းတွေကလဲ ရင်ထဲထိရောက်စေခဲ့ကာ ၁၉၉၂ခုနှစ်ကနေ ယနေ့တိုင်သူမဟာ သီချင်းတွေကို သီဆိုနေတုန်းပဲဖြစ်ပါတယ်။ သူမရဲ့အသက်ဟာဆိုရင် ခုချိန်မှာ ၃၇နှစ်ရှိပြီဖြစ်ပါတယ်။ 

အိမ်ထောင်နှစ်ခါကျဖူးကာ ကလေးနှစ်ယောက်လဲရှိပါတယ်။ ခုချိန်မှာတော့ သူမဟာ model တစ်ယောက်ဖြစ်တဲ့ Sam Asghari နဲ့တွဲနေတာဖြစ်ပြီး အချိန်ကတော့ နှစ်နှစ်ကျော်နီးပါရှိပါပြီး။ ဒါပေမဲ့သူမဟာ ကောင်လေးနဲ့အတူလက်ထပ်ချင်တယ်ဆိုရင်တော့ သူ့သဘောဆန္ဒအတိုင်း လက်ထပ်လို့မရပါဘူး။ ခုအသက်အရွယ်ရောက်နေတာတောင် ကိုယ့်သဘောဆန္ဒအတိုင်းလုပ်ဆောင်လို့မရတာ ဘာကြောင့်ပါလိမ့်။ 

အဲ့ကိစ္စဟာဆိုရင် Britney ရဲ့အဖေဖြစ်သူ Jamie ကထုတ်ဖော်ပြောပြခဲ့ခြင်းဖြစ်ပါတယ်။ တကယ်လို့သူမ လက်ထပ်ချင်ရင် သူမအဖေဖြစ်သူ Jamie ခွင့်ပြုမှသာလျှင် လက်ထပ်လို့ရမှာဖြစ်ပါတယ်။ အာ့အပြင် သူနောက်ထပ်ကလေးလိုချင်တယ်ဆိုရင်လဲ သူမအဖေရဲ့ခွင့်ပြုချက်ရမှာသာလျှင် ယူလို့ရမှာဖြစ်ပါတယ်။ အထက်မှာပြောခဲ့သလိုပါပဲ Britney မှာ အရင်ယောကျ်ားဖြစ်သူ Kevin Federline နဲ့ရထားတဲ့ ၁၃နှစ်အရွယ် Preston နဲ့ ၁၂နှစ်အရွယ် Jayden ဆိုတဲ့ သားနှစ်ယောက်ရှိပါတယ်။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။