မတ်လ ၁၃ ရက်နေ့က အခိုးခံလိုက်ရတဲ့ ၂ လခွဲအရွယ် ကလေးငယ်တစ်ဦးရဲ့ သတင်းကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာတွေ့ရပါတယ်။ အဆိုပါ ကလေးငယ်လေးကတော့ မိုးကုတ်မြို့နေအိမ်မှ မနက် ၉နာရီအချိန်ခန့်က အခိုးခံလိုက်ရတာဖြစ်ပြီး ကလေးငယ်ရဲ့ ဂုတ်မှာ အနီရောင်အမှတ်သားတစ်ခုပါရှိကြောင်း မိဘများက သက်ဆိုင်ရာကို တန်းခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ ကလေးငယ်လေးကို မိုးကုတ်ရဲစခန်းမှူးနှင့်တကွ ရဲတပ်သားများ သက်ဆိုင်ရာဆွေမျိုးများရဲ့ ဝိုင်းဝန်းရှာဖွေမှုကြောင့် ဒီကနေ့ မတ်လ ၁၄ရက်နေ့ မကြာသေးမီလောက်က ပြန်လည်ရှာတွေ့ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ကလေးငယ်လေးကတော့ ကလေးခိုးသူရဲ့ အိပ်ဆေးတိုက်ထားမှုကြောင့် မနှိုးသေးပဲ အိပ်မောကြနေကြောင်း တွေ့ရပါတယ်။  

သားသမီးကို ပြန်လည်တွေ့ရှိခဲ့ရသဖြင့် ဝမ်းနည်းမျက်ရည်တွေနဲ့အတူပျော်ရွှင်ခဲ့တဲ့ မိဘနှစ်ပါးရဲ့ ဖြစ်စဉ်ကိုတော့ ပရိသတ်တွေလည်းတွေ့ရှိမှာပဲဖြစ်ပါတယ်။ ကျေးဇူးရှိသော ရဲမှူးကြီးကိုလည်း ကိုယ်တိုင်လက်အုပ်ချီကန့်တော့ခဲ့ကြတာလည်းတွေ့ရပါတယ်။ မကြာခဏကြားသိနေရတဲ့ ကလေးခိုးမှုတွေကို ချစ်ပရိသတ်တွေလည်း ရှောင်ရှားနိုင်ဖို့ ဒီကနေ့ ဖြစ်စဉ်ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်။

video - မာံသုခ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။