ပရိသတ်ကြီးရေ.. မြန်မာနိုင်ငံပထမဆုံးသော Mini Mr. & Miss Myanmar လေးတွေ ထွက်ပေါ်လာခဲ့ပါပြီနော်..။

ချစ်စရာကောင်းပြီး ပရိသတ်တွေရဲ့ အသည်းတွေကို ခြွေယူကြမယ့် Mini Mr. & Miss Myanmar လေးတွေကတော့ Mini Mr. Supranational Myanmar ဆုရှင် သားလေး မောင်ကောင်းပြည့်ဟိန်း နဲ့Mini Miss Universe Myanmar သရဖူဆုရှင် သမီးလေး ထက်အိနြေ္ဒလင်းတို့ပဲ ဖြစ်ပါတယ်နော်..။

အသက်(၉)နှစ်သာရှိသေးတဲ့ သားလေးကောင်းပြည့်ဟိန်းနဲ့ သမီးလေး ထက်အိနြေ္ဒလင်းတို့ကတော့ ပဲခူးတိုင်းဒေသကြီး၊ ပြွန်တန်ဆာမြို့ရဲ့ ဂုဏ်ဆောင် မောင်နှမနှစ်ယောက်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်နော်..။

အရွယ်နဲ့မလိုက်အောင် အမိုက်စား Talent တင်ဆက်မှုတွေအပြင် အလန်းစား ဖက်ရှင်တွေနဲ့ ပရိသတ်တွေရဲ့ နှလုံးသားကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ ချစ်စရာ Winner ဆုရှင် မောင်နှမနှစ်ယောက်စလုံးဟာ မျက်နှာလေးတွေက ချစ်စရာကောင်းပြီးချောကြသလို တော်လည်းတော်ကြသူလေးတွေပါပဲ..။

ပြိုင်ပွဲဝင် သားသား၊မီးမီးတို့ရဲ့ အရည်အချင်းတွေအပြင် စွမ်းဆောင်ရည်နဲ့ ချစ်စဖွယ် အမူအရာလေးတွေကို မြင်တွေ့ရအောင် အနာဂတ်ကြယ်ပွင့်လေးတွေကို မွေးထုတ်ပေးနိုင်ခဲ့တဲ့ ''Mini Mister Myanmar & Mini Miss Myanmar'' ပြိုင်ပွဲကြီးကတော့ ပထမဆုံးအကြိမ် အောင်မြင်စွာပြီးစီးသွားပေမယ့် နောက်ထပ်ကျင်းပပြုလုပ်မယ့် ပြိုင်ပွဲကြီးတွေမှာ ပါဝင်နိုင်ဖို့အတွက် သားသားမီးမီးလေးတွေကိုလည်း ဖိတ်ခေါ်ထားပါသေးတယ်နော်..။

ပထမဆုံးအကြိမ်အောင်မြင်စွာ ကျင်းပပြီးစီးသွားခဲ့တဲ့ Mini Mister Myanmar & Mini Miss Myanmar ပြိုင်ပွဲကြီးရဲ့ Winner သားသားမီးမီးများဟာ MGLM Total Self-improvement & Confidence Development Training School မှာ Scholar များအဖြစ် အခမဲ့ တက်ရောက်ခွင့်ရရှိသွားကြပြီ ဖြစ်ပါတယ်လို့လည်း သိရပါတယ်နော်..။

Photo - Miss Golden Land Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။