ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကြောင့်ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိထားသူလေးကတော့ အဆိုတော်ဂရေဟမ်ရဲ့ချစ်သမီးချောလေး ပန်းရောင်ခြယ်ပဲ ဖြစ်ပါတယ်။ ချိုသာတဲ့အပြုံးလေးတွေနဲ့ ကြည်လင်တဲ့မျက်နှာထားလေးကလည်း သူမရဲ့စွဲဆောင်မှုတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ပန်းရောင်ဟာ  မိသားစု ရဲ့အချစ်တွေသာမက ပရိတ်သတ်တွေရဲ့အချစ်တွေကိုပါ ရရှိပိုင်ဆိုင်ထားတဲ့ချစ်စရာ အဆိုတော်မလေးလည်း ဖြစ်ပါတယ်။ 

သူမဟာ Cover song လေးတွေသီဆိုရာမှတစ်ဆင့် ပရိတ်သတ်တွေကြားမှာ ရေပန်းစားလာတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့ ဖေဖေဂရေဟမ်နဲ့လည်း " Wake up Daddy " ဆိုတဲ့ တေးစီးရီး Album လေးလည်းထွက်ရှိထားပါသေးတယ်။

သူမရဲ့အသံချိုချိုလေးတွေဟာလည်း ပရိသတ်တွေရဲ့ရင်ထဲကို ထိုးဖောက်နေရာယူထားနိုင်တာလည်း ဖြစ်ပါတယ်။ လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်လျက်ရှိပြီး သီချင်းအသစ်များထွက်ရှိနိုင်အောင်လည်း ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ Cover Songs လေးတွေလည်း သီဆိုတတ်တဲ့သူမကတော့ “ Dont Know Why ” ဆိုတဲ့ သီချင်းလေးကို ပရိသတ်တွေကို ဝေမျှထားပါသေးတယ်။ ပရိသတ်တွေအတွက် ဒီသီချင်းဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source - Pan Yaung Chel

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။