မျိုးဆက်သစ်အလှမယ်လေးတွေကို ရွေးထုတ်ပေးနေတဲ့ " Miss Golden Land Myanmar " အဖွဲ့အစည်းကြီးကတော့ ပြီးခဲ့တဲ့ မတ်လ (၅) ရက်နေ့မှာ ပထမဆုံးအကြိမ်အဖြစ် " Mini Mister Myanmar & Mini Miss Myanmar "ပြိုင်ပွဲကြီးကို စတင်ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပြိုင်ပွဲကြီးမှာတော့ အသက် (၄) နှစ်မှ (၁၂) အရွယ်ရှိတဲ့ ကလေးငယ်လေးတွေက ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး သရဖူဆုတွေကို အသီးသီး ဆွတ်ခူးရရှိခဲ့ကြပါတယ်။

ဒီပြိုင်ပွဲကြီးမှာ ဆုရရှိခဲ့တဲ့ သားသားမီးမီးလေးတွေထဲမှာတော့ အသက် (၅) နှစ်အရွယ်သာ ရှိသေးတဲ့ သမီးလေး ဂျူဂျူးမြတ်နိုးက " Little Miss International Myanmar (Winner)" သရဖူဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့ ဂျူဂျူးလေးက အရွယ်ငယ်သေးပေမယ့် ပြိုင်ပွဲစင်မြင့်ထက်မှာ မထင်မှတ်ထားလောက်အောင် အကောင်းဆုံး စွမ်းရည်တွေနဲ့ ကိုယ်ပိုင်အရည်အချင်းတွေကို ပြသနိုင်ခဲ့တဲ့ အလှမယ်ပိစိလေးပဲ ဖြစ်ပါတယ်။ 

အလှမယ်လေးအဖြစ် မှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့ပြီဖြစ်တဲ့ သမီးလေး ဂျူဂျူးက " Little Miss International Myanmar "ဆုကြီးအပြင် ရှေးခေတ်နနန်းတွင်းဝတ်စုံနဲ့ ဆေးလိပ်ကိုခဲပြီး အကောင်းဆုံး လျှောက်လှမ်းပြနိုင်ခဲ့တာကြောင့် "Best costume" ဆုကိုပါ ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ ယုံကြည်မှုအပြည့်ရှိတဲ့ အလှမယ်ပေါက်စလေးရဲ့ အမူအရာတွေကလည်း ဒိုင်တွေနဲ့ ပရိသတ်တွေကိုပါ အံ့အားသင့်စေခဲ့ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သရဖူဆုရရှိခဲ့တဲ့ သမီးလေး ဂျူဂျူးမြတ်နိုးရဲ့ ပြိုင်ပွဲထက်က ချစ်စရာပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Miss Golden Land Myanmar;

photo credit; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။