ချစ်စရာကောင်းပြီး ပျော်ရွှင်မှုတွေပြည့်နေတဲ့ မိသားစုလေးအဖြစ် မြင်တွေ့ရမယ့် Ivy လေးနဲ့ အေသင်ချိုဆွေတို့ သားအမိလေးကတော့ လောကဓံကြားမှာ ကြံကြံခံရင်း အကောင်းဆုံး ကြိုးစားပြီး ပျော်ရွှင်စရာကောင်းတဲ့ ဘဝလေးကို ပိုင်ဆိုင်ထားတဲ့ သူတွေဖြစ်ပါတယ်။ Single Mother တစ်ယောက်ဖြစ်ပေမယ့် တော်ရုံ အမျိုးသမီးတွေ မထားနိုင်တဲ့ စိတ်ဓာတ်ခွန်အားတွေနဲ့ သမီးလေးရဲ့ ဘဝအတွက် အကောင်းဆုံး လမ်းပြပေးနိုင်အောင် ကြိုးစားနေတဲ့ အေသင်က လေးစားစရာမိခင်တစ်ယောက်အဖြစ် ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

အနုပညာရပ်ဝန်းနဲ့ အလှမ်းဝေးခဲ့ပေမယ့် အနုပညာလောကထဲကို ယခင်ကနဲ့ မတူတဲ့ သီချင်းအသစ်တွေဖန်တီးရင်း သမီးလေးလက်ကို ဆွဲခါ ရဲရဲကြီး ပြန်လည်ဝင်ရောက်လာခဲ့တဲ့ အေသင်က Ivy လေးအတွက်တော့ စံထားလောက်တဲ့ မိခင်တစ်ယောက်ဖြစ်ပါတယ်။ Ivy လေးကလည်း မေမေ အေသင်ရဲ့ အနုပညာသွေးတွေ စီးဆင်းနေတဲ့ သူလေးဖြစ်ပြီး အရမ်းကို ချစ်စရာကောင်းတဲ့ သူလေးဖြစ်တာကြောင့် ပရိသတ်တွေကြားမှာသာမက အနုပညာရှင် အသိုင်းအဝိုင်းကြားမှာပါ ဝိုင်းပြီး ချစ်နေရတဲ့ သူလေးပါ။

တစ်နေ့တစ်ခြား ပိုပိုပြီး လည်လာတဲ့ Ivy လေးက မေမေ အေသင်မထိန်းနိုင်လောက်အောင် ဆော့တတ်တဲ့ အရွယ်ကိုတောင်ရောက်ရှိနေပြီဖြစ်ပါတယ်။ အေသင်ကတော့ Ivy လေး ဘယ်လို ဆော့ဆော့ စိတ်မဆိုးပဲ သေချာ သွန်သင်ဆုံးမတတ်တဲ့ မိခင်တစ်ယောက်ဖြစ်တာကြောင့် Ivy လေးက လိမ္မာတဲ့ ကလေးလေးဖြစ်နေတာပါ။ ယခုလည်း မေမေ အေသင်ရဲ့ အလှပြင်ပစ္စည်းတွေကို ယူဆော့ရင်း ပေပွနေတဲ့ Ivyလေးကအသည်းယားစရာကောင်းအောင် အမူအယာလေးတွေလုပ်ပြနေတဲ့ ဗီဒီယိုလေးကို မြင်တွေ့ရမှာဖြစ်ပါတယ်။

Source:Athen Cho Swe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။