One Direction အဖွဲ့ကို ပရိသတ်ကြီးကောင်းကောင်းသိမှာပါ....သူတို့အဖွဲ့ရဲ့သီချင်းတွေကိုလဲ ပရီသတ်ကြီး ယနေ့တိုင် နားထောင်နေမယ်လို့ထင်ပါတယ်။ သူတို့အဖွဲ့ဟာဆိုရင် ၂၀၁၀ခုနှစ်တုန်းကထွက်ရှိလာတာဖြစ်ပြီး ၂၀၁၅ခုနှစ်မှာ အဖွဲ့က ၅ယောက်ကနေ ၄ယောက်ဖြစ်သွားခဲ့ကာ ၂၀၁၆ခုနှစ်မှာတော့ အဖွဲ့ဟာပျောက်ကွယ်သွား အဖွဲ့ဝင်တွေဟာလဲ solo ဆိုကြပါတော့တယ်။ အဖွဲ့ဟာဆိုရင်တော့ ပြန်မပေါင်းဖို့များပါတယ်။  

ခုချိန်မှာတော့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Harry Styles ကိုပရိသတ်ကြီး သိမှာပါ။ သူဟာမနှစ်တုန်းကဆိုရင်တော့ နာမည်ကြီး ရုပ်ရှင်ကားတစ်ကားထဲမှာ ပါဝင်ခဲ့ပါတယ်။ အသက် ၂၅နှစ်ရှိပြီဖြစ်တဲ့ Harry ဟာ ကြာသပတေးနေ့က လန်ဒန်မြို့ပေါ်ကို ထွက်နေကြပုံစံမျိုးနဲ့ ထွက်မလာပဲ တမူးထူးတဲ့ ပုံစံနဲ့ ထွက်ရှိလို့လာခဲ့ပါတယ်။ သူဟာလမ်းမပေါ်ကို ဖုန်းကိုင်ပြီးဖြတ်ကူးလာခဲ့ကာ သူရဲ့လက်မှာ ထူးခြားချက်ကိုတွေ့ခဲ့ရပါတယ်။ 

ဘာလဲဆိုတော့ အပန်းရောင်လက်သည်းတွေကို ဆိုးထားပါတယ်...ရုတ်တရက်ကြည့်ရင်မတွေပနိုင်ပါဘူး။ သူဟာ International Women's Day မှာလဲ ' Thank you to all the wonderful women of today, yesterday, and always. Happy International Women’s Day ' မိန်းမတွေကို ဂုဏ်ယူစွာနဲ့ တင်ခဲ့ပါတယ်။ သူဟာဆိုရင် ခုချိန်မှာ သရုပ်ဆောင်ပိုင်းနဲ့ သီချင်းဆိုပိုင်းတွေကိုပဲ အာရုံစိုက်ကာ 1D နဲ့ပြန်ပေါင်းဖို့ လုံးဝစိတ်ကူးမရှိပါဘူး။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။