အက ဗီဒီယိုလေးဖိုင်လေးတွေဖန်တီးပြီး လူငယ်ပရိသတ်တွေရဲ့ အသည်းနှလုံးကို အပိုင်စား ရယူထားတဲ့ မော်ဒယ်လ်သရုပ်ဆောင် ဧငြိမ်းဖြူကို အထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်နော်။ သူမရဲ့ Cover dance ဗီဒီယိုဖိုင်လေးတွေဟာဆိုရင်လည်း မကြာခဏဆိုသလို ထွက်ရှိလေ့ဖြစ်ပြီး ပရိသတ်ရှေ့မှောက်ချပြခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင် လောကထဲကိုလည်း သရုပ်ဆောင်မင်းသမီးတစ်ယောက်အနေနဲ့ ဝင်ရောက်လာခဲ့ပြီပဲဖြစ်ပါတယ်...။

လတ်တလောမှာတော့ ဧငြိမ်းဖြူက ကြော်ငြာလေးတွေနဲ့ photo shooting လေးတွေ အများဆုံးရိုက်ကူးနေရတာ ကိုမြင်တွေ့ရမှာပါ။ ခေတ်ပေါ်အကတွေကို အလန်းစားကပြနိုင်တဲ့ ဧငြိမ်းဖြူရဲ့ အကဗီဒီယိုလေးတွေကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားဆုံးအဖြစ် အောင်မြင်ကျော်ကြားနေတာဖြစ်ပါတယ်။ နိုင်ငံကျော်တေးသံရှင်တစ်ယောက်ဖြစ်တဲ့ ရဲရင့်အောင်ဟာဆိုရင် ကိုးရီးယားမင်းသမီးနဲ့ ခွဲခြားလို့မရအောင် ဆွဲဆောင်မှုရှိရှိ ချစ်ဖို့ကောင်းတဲ့ အကပညာရှင်မင်းသမီးချောလေး ဧငြိမ်းဖြူကိုပိုင်ဆိုင်ထားတာပါနော်...။ ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့ဟာဆိုရင် တစ်ယောက်နဲ့တစ်ယောက် အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ချစ်ခင်ကြင်နာလှတဲ့အတွက်ကြောင့် တတိုင်းပြည်လုံးရှိပရိသတ်များကပင် ချစ်ခင်အားပေးလျက်ရှိတာဖြစ်ပါတယ်။

ဧငြိမ်းဖြူဟာပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင်လှုမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာကိုတွေ့ရမှာပါ....။ အခုတစ်ခါမှာဆိုရင်လည်း မျက်မှန်လေးတပ်ထားပြီး သစ်လွင်သော အဝါရောင်အင်္ကျီလေးနဲ့ ပုရိသတွေစွဲမက်ဖွယ် အလှပုံရိပ်လေးတွေကို "ဝလာရင်လဲ လှတယ်လို့ပဲပြောပေးပါ .... ဒါပဲ .." ဆိုတဲ့ status လေးနဲ့တကွ သူမရဲ့ official facebook acc တွင်ထုတ်ဖော်တင်ဆက်ပြသထားတာကို Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်....။

Source A Nyein Phyu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။