မိန်းကလေးပရိသတ်အခိုင်အမာရရှိထားတဲ့ အဆိုတော်ဟိန်းမင်းသူကတော့ လူငယ်ပရိသတ်နှုတ်ခမ်းနီမလေးတွေကြားရေပန်းစားနေတဲ့ အဆိုတော်တစ်ဦးပဲဖြစ်ပါတယ်။ဟိန်းမင်းသူကတော့ အလန်းစားMusic သံစဉ်တွေ အမိုက်စားဘော်ဒီကြွက်သားတွေနဲ့ ပျိုမေတို့ရဲ့ နှလုံးသားတွေကို ညို့ယူသိမ်းပိုက်ထားတာပဲဖြစ်ပါတယ်။ 

ဟိန်းမင်းသူကတော့ သူရဲ့ အမိုက်စားBODYလေးတွေကြောင့် ချစ်ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကို ရရှိနေခဲ့သလို ချစ်စရာကောင်းလွန်းတဲ့အပြုံးလေးတွေက ပရိသတ်တွေကို အချစ်တွေ ပိုစေခဲ့ပါတယ်။ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်လေးဟိန်းမင်းသူကတော့ သူမတူတဲ့ ဖက်ရှင်အလန်းစားလေးတွေနဲ့ ပျိုမေတို့ရဲ့ အသည်းကို ဖမ်းစားထားနိုင်ခဲ့ပါတယ်။ 

ယနေ့မှာတော့ ဟိန်းမင်းသူတစ်ယောက် သီချင်းသွင်းတုန်းက သင်ဇာနဲ့ ကျွန်တော်နဲ့ ညဖက် (၁၂) ကျော်ကျော်လောက်မှ စတူဒီယိုက ပြန်ရတယ်ဆိုပြီး MTV လေး ပေါက်တဲ့ပေါ် ပြောလာခဲ့ပါတယ်။ ကျွန်တော်အခွေစလုပ်တုန်းကဆို နှိမ်ခံရတာတွေလည်း ကြုံခဲ့တယ် နေရာမပေးချင်ကြတာတွေလည်း ခံရတယ်ဆိုပြီး နာမည်တစ်လုံးရရှိဖို့ ကြိုးစားခဲ့ရတဲ့ အကြောင်းကိုပြောပြထားခဲ့ပြီး အဆိုပါဗီဒီယိုလေးကိုအောက်မှာ ကြည့်နိုင်ပါတယ်။

source: myanmarloadtv

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။