ချစ်ပရိတ်သတ်ကြီးရေ... မော်ဒယ်မလေးတစ်ယောက်ဖြစ်ပြီးတော့ အနုပညာလမ်းကြောင်းပေါ်မှာကိုယ့်ခြေထောက်ပေါ်ကိုကိုယ်ရပ်ပြီး သူမဝါသနာပါတဲ့အနုပညာအလုပ်တွေကိုကြိုးစားလုပ်ကိုင်နေတဲ့ အိမ့်ထရက်သျှာဆိုတာ ပရိတ်သတ်ကြီးရဲ့အချစ်တော်လေးတစ်ယောက်ပါနော်။ အခုနောက်ပိုင်းမှာတော့ သူမဟာ သရုပ်ဆောင်လောကထဲကို အခြေချလာနေတာကိုလည်းတွေ့ရပါတယ်နော်။

သူမဟာ လူကောင်သေးသေးလေးဆိုပေမယ့် ပုရိသတွေ တဖြုတ်ဖြုတ်နဲ့ကြွေဆင်းသွားရလောက်တဲ့ အမိုက်စား ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေနဲ ချစ်စရာကောင်းတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားသူလေးပဲဖြစ်ပါတယ်နော်။ဒါ့အပြင် ပရိတ်သတ်တွေရင်ကိုဆွဲကိုင်လှုပ်နိုင်တဲ့သံစဉ်လေးတွေကို သီဆိုတတ်တဲ့အသံချိုချိုလေးတွေကိုလည်းပိုင်ဆိုင်ထားသူလေးပါနော်။

လတ်တလောမှာတော့ သူမဟာ ခရီလေးတွေထွက်ဖြစ်နေပြီးတော့ အခုအချိန်မှာတော့ ခရီးပန်းခဲ့သမျှတွေကို အတိုးချ ဖြေဖျောက်ပြီး အစားအသောက်တွေကိုဂရုတစိုက်နဲ့ပြန်စားနေခဲ့ပါတယ်နော်။ စားစရာတွေကိုတစ်ပုံတစ်ပင်မှာပြီးတော့ ဟိုဟာစားလိုက် ဒီဟာစားလိုက်နဲ့ ကလေးလေးလို ချစ်ဖို့ကောင်းနေတဲ့ အိမ့်လေးဟာ အစားတွေစားနေတုန်းမှာပဲ သူငယ်ချင်းဖြစ်သူရဲ့snapရိုက်ချက်လှလှလေးတွေမိခဲ့ပါတယ်နော်။ဘယ်လိုလိုနေနေ ချစ်စရာကောင်းပြီးသားမို့ snapထဲမှာတောင် အကြွေတလိုင်း လေးဖြစ်နေခဲ့ပါတယ်နော်။ ကဲ.... အိမ့်လေးတစ်ယောက် ခရီးတွေပန်းပြီးဘယ်လိုတောင်အစားအသောက်တွေ စားနေလဲဆိုတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်ကြီး အတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Eaint Treasure 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။