ပရိတ်သတ်တွေက မအေးသောင်းလို့ ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေး အေးဝတ်ရည်သောင်းကတော့ ရင့်ကျက်တည်ငြိမ်ပြီး မြင်သူတိုင်း အေးချမ်းစေမဲ့ အလှတရားတွေနဲ့ ပရိသတ်တွေကို အမြဲတမ်း အချစ်တွေပိုစေတဲ့ သူလေးဖြစ်ပါတယ်။ သူမဟာ မိန်းကလေးဆန်ဆန် စွဲမက်ဖွယ်ကောင်းတဲ့ Body အမိုက်စားလေးကို ပိုင်ဆိုင်ထားသူလေး ဖြစ်တာကြောင့် မိန်းကလေးအများစုရဲ့ အားကျခြင်းကို ခံနေရသူလေးလည်းဖြစ်ပါတယ်။

သူမဟာ တစ်ခေတ်တစ်ချိန်ထဲက နာမည်ကျော်ကြား လူကြိုက်များခဲ့တဲ့ မင်းသမီးချောလေးဖြစ်ပြီး ယနေ့တိုင် အောင်မြင်မှုရရှိနေတဲ့သူလည်းဖြစ်ပါတယ်။ သူမဟာ ပီပြင်တဲ့ သရုပ်ဆောင်မှုပါမက မြန်မာဆန်ဆန် အမြဲဝတ်တက်တဲ့ သူမရဲ့ မြန်မာဝတ်စုံလေးတွေနဲ့ ယဉ်ယဉ်လေး ဖက်ရှင်ကျမှုကြောင့်လည်း ပရိတ်သတ်တွေရဲ့ အားပေးမှုကို အခိုင်မာ ရထားသူလည်းဖြစ်ပါတယ်။

အချစ်စကားလှလှလေးတွေ ပြောတတ်တဲ့ မအေးသောင်းကတော့ အားလုံးကထင်ထားကြတဲ့အတိုင်း အပျိုကြီးမမ မဟုတ်ဘူးဆိုတာကို မကြာခင်ကမှ သက်သေပြထားတာလည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ Samsung Phone S10 မိတ်ဆက်ပွဲကိုတက်ရောက်ခဲ့တာဖြစ်ပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့ အမိုက်စားပွဲတက်ပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။ပိုမိုပြီးပြည့်စုံတဲ့ အလှတရားလေးဖြစ်အောင် နာမည်ကျော် မိတ်ကပ်လင်းလင်းက ဖန်တီးလိမ်းခြယ်ပေးထားတာဖြစ်ပါတယ်။ပုံလေးတွေတိုင်းဟာ ဆွဲဆောင်မှုရှိရှိနဲ့ အရမ်းလန်းလွန်းနေတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Source:Linn Lin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။