ဘောလုံးလောကမှာယနေ့ထိတိုင်ပရိသတ်တွေအားကျနေရတဲ့ကမ္ဘာကျော်ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းကတော့အရာရာမှာတော်တာကြောင့်ပရိသတ်တွေအတုယူနေရတာဖြစ်ပါတယ်။ဘောလုံးလောကမှာသာမကဖက်ရှင်ပိုင်းမှာပါယနေ့ခေတ်လူငယ်တွေအားကျနေရတာပါ။သူကတော့မန်ယူအသင်းနဲ့တူတူသမိုင်းဝင်အောင်မြင်မှုတွေယူနိုင်ခဲ့တဲ့ကစားသမားတစ်ဦးပါ။ 

တစ်ချိန်ကကမ္ဘာကျော်ဒေးဗစ်ဘက်ခမ်းကိုတော့အိုးထရက်ဖို့ဒ်မှာပြန်တွေ့ဖို့ရှိနေတာဖြစ်ပါတယ်။ဘက်ခမ်းနဲ့တူတူပြန်လည်တွေ့ရမှာတော့မန်ယူအသင်းကိုယ်အောင်မြင်မှုတွေဆွတ်ခူးပေးနိုင်တဲ့နည်းပြကြီးဖာဂူဆန်ပဲဖြစ်ပါတယ်။သူတို့ကတော့ မေလ (၂၆)ရက်နေ့မှာ ကစားမယ့် ဘေယန်မြူးနစ်အသင်းနဲ့ မန်ယူနိုက်တက်အသင်းတို့ (၁၉၉၉)ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲ အမှတ်တရဂုဏ်ပြုပွဲအဖြစ် ကစားကြမယ့်ပွဲမှာတစ်ခြားဂန္ထဝင်တွေပါကစားကြမှာဖြစ်ပါတယ်။

ဘက်ခမ်ဟာ မန်ယူနိုက်တက်အသင်း သမိုင်းဝင်ဆုဖလား (၃)လုံးရရှိခဲ့တဲ့ (၁၉၉၉)ခုနှစ်အောင်ပွဲမှာ တဦးအပါအဝင်ဖြစ်ခဲ့ပြီးအသင်းကိုရွှေရောင်နေ့ရက်တွေရအောင်စွမ်းဆောင်ပေးနိုင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။သရဲနီတို့အတွက် (၁၁)ရာသီကြာ ပေးဆပ်ကစားခဲ့ပြီးနောက်ခုတစ်ခေါက်မှာတော့ရွှေရောင်နေ့ရက်တွေအပြည့်နဲ့ကွင်းကြီးကိုပြန်ခြေချရတော့မှာဖြစ်ပါတယ်။

Source - Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။