ချစ်ပရိသတ်ကြီးရေ "ချစ်ခဲ့ဖူးသမျှ"၊ ဘာမှမလိုဘူး"၊ "သတိရရင်" ဆိုတဲ့ သီချင်းဗီဒီယိုလေးတွေနဲ့ လူငယ်ပရိသတ်တွေကြား ထိုးဖောက်ဝင်ရောက်နေရာယူခဲ့တဲ့ အဆိုတော် ပိုပို ကိုသိကြမယ်ထင်ပါတယ်နော်...။ အမြဲလိုလို သီချင်းအလန်းတွေကို ဖန်တီးတင်ဆက်နေတာဖြစ်ပြီး ဆွဲဆောင်မှုရှိလွန်းတဲ့ အသံလေးတွေကြောင့် ပရိသတ်အများရဲ့ချစ်ခင်အားပေးမှုကို လက်ခံပိုင်ဆိုင်ထားတာဖြစ်ပါတယ်....။ ပိုပိုဟာဆိုရင် ဂီတလမ်းကြောင်းမှာအောင်မြင်ရုံသာမက အနုပညာလမ်းကြောင်းမှာ သရုပ်ဆောင်မင်းသမီးတစ်ယောက်အဖြစ် အောင်မြင်စွာရပ်တည်နေတာကို တွေ့ရမှာပါ...။

သူမရဲ့လတ်တလောအနုပညာလှုပ်ရှားမှုဟာဆိုရင်တော့ photo shooting တွေရိုက်ကူးလေ့ရှိပြီး၊ အခမ်းအနားဖွင့်ပွဲတွေလည်း တက်ရောက်လေ့ရှိတာဖြစ်ပါတယ်...။ အမြဲပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ ပရိသတ်အချစ်တော် မတ်မတ်ပိုကတော့ Tik Tok ဗီဒီယိုလေးတွေလည်း ဆော့ကစားတတ်ကြပြီး သူမရဲ့ TikTok ဗီဒီယိုလေးတွေနဲ့လည်း ပရိသတ်တွေကို အချစ်ပိုအောင် ဖမ်းစားတတ်ပါသေးတယ်နော်..။ သိတ်မကြာခင်ကထွက်ရှိထားတဲ့ "ပိတောက်တစ်ခက်နဲ့ရေတစ်ခွက်" သင်္ကြန်သီချင်းဗီဒီယိုလေးဟာဆိုရင်လည်း အချိန်တိုအတွင်းမှာပဲ ကြည့်ရှုအားပေးသူ အမြောက်အများ ရရှိခဲ့တာဖြစ်ပါတယ်...။

ပိုပို ဟာပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း ဘန်ကောက်မှာ ရှော့ပင်ထွက်နေတာဖြစ်ပြီး အလှပုံရိပ်လေးတွနဲ့အတူ "ဘယ်သွားသွား ဘာလုပ်လုပ် လွမ်းတယ်မောင်" ဆိုတဲ့ စာသားလေးနဲ့တကွ သူမရဲ့ official facebook page တွင်ထုတ်ဖော်ပြသထားတာဖြစ်ပါတယ်။ Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်....။

Source ပိုပို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။