ပရိသတ်များကခေးလေးလို့ချစ်စနိုးခေါ်ကြတဲ့ ယွန်းဝတီလွင်မိုးကတော့ ပရိသတ်တွေယနေ့ထိတိုင်အားပေးချစ်ခင်နေကြတာပါ။ သူမဟာ အိမ်ထောင်ကျသွားသော်လည်း အနုပညာအလုပ်တွေကိုအားလပ်ချိန်များတွင် လုပ်နေတာလည်း ဖြစ်ပါတယ်။ 

သူမဟာ ခင်ပွန်းသည်ရယ် သားလေး Liam လေးနဲ့အတူပျော်ရွှင်သာယာသော အိမ်ထောင်ရေးလေးကို တည်ဆောက်ထားနိုင်တာပဲ ဖြစ်ပါတယ်။ အသက်ရွယ်ငယ်သေးသော်လည်း သာယာသောအိမ်ထောင်ရေးလေးကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ သူမရဲ့သားလေးဟာလည်း ပရိသတ်တွေရဲ့အချစ်တွေကိုများစွာရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ 

ယွန်းဝတီလွင်မိုးဟာ သြစတေးလျတွင် ခင်ပွန်းသည်နှင့်အတူ ပညာရေးမပြီးဆုံးသေးသည့်အတွက် သားလေးနဲ့ခွဲခွာကာ ကျောင်းပြန်တက်နေရတာလည်း ဖြစ်ပါတယ်။ အိမ်ထောင်ကျသွားသော်လည်း အခုထက်ထိပရိသတ်တွေရဲ့အချစ်တွေကို ရရှိထားဆဲဖြစ်တဲ့ ခေးရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Yun Waddy

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။