အင်္ဂလန်ပရီးမီးယားလိဒ်ကိုတန်းတက်လာချင်းမှာပဲချန်ပီယံဆုကိုရယူနိုင်ခဲ့တဲ့လက်စတာအသင်းကိုတော့ပရိသတ်တွေယနေ့တိုင်မေ့နိုင်မှာမဟုတ်ပါဘူး။ချန်ပီယံဆုဖလားကြီးကိုဆွတ်ခူးပေးနိုင်တဲ့အပြင်ကစားသမားကောင်းတွေကိုမွေးထုတ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။လက်စတာအသင်းကတော့ခုမှာလည်းအသင်းကြီးတွေကိုဒုက္ခပေးနိုင်တဲ့အသင်းတစ်သင်းဖြစ်ပါတယ်။

လက်စတာအသင်းကတော့ယခုချိန်ထိတိုင်ကစားသမားကောင်းတွေကိုမွေးဖွားပေးနေတာဖြစ်ပါတယ်။သူတို့အသင်းရဲ့ပိုင်ရှင်မတော်တဆဖြစ်ပြီးကွယ်လွန်ခဲ့တာကလည်းယနေ့တိုင်သူတို့မမေ့နိုင်ကြသေးတာပါ။သူတို့အသင်းပိုင်ရှင်အတွက်ပွဲစဉ်တိုင်းကိုအမြဲအနိုင်ရဖို့ကြိုးစားကစားနေကြတာဖြစ်ပါတယ်။

ဘောလုံးအားကစားကိုမြတ်နိုးတာကြောင့်သူတို့အသင်းကတော့ရေရှည်စီမံကိန်းတွေကိုချမှတ်ထားတာပါ။သူတို့အသင်းရဲ့လေ့ကျင့်ကွင်းကိုလည်းအဆင့်မြှင့်တင်မှုတွေလုပ်တော့မှာဖြစ်ပါတယ်။သူတို့အသင်းရဲ့လေ့ကျင့်ကွင်းသစ်videoကိုလည်းကြော်ငြာထားပြီးပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:The Premier League Fix

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။