ပရိတ်သတ်ကြီးရေ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ခိုင်နှင်းဝေကတော့ အခုနောက်ပိုင်းမှာ ပရဟိတအလုပ်တွေကို တစ်စိုက်မက်မက်လုပ်ဆောင်လာတာတွေ့မြင်ရမှာဖြစ်ပါတယ်။ခိုင်နှင်းဝေက ဆံပင်ရှည်ရှည်လေးနဲ့ တစ်ခေတ်တစ်ခါတည်းက ရိုးရှင်းတဲ့ အလှတရားလေးနဲ့ ပရိတ်သတ်တွေရဲ့ရင်ထဲကို ဝင်ရောက်လာခဲ့တာပါနော်။ခိုင်နှင်းဝေက ဟိုးအရင်ကတည်းက ဇာတ်ကားတွေမှာ ပိုင်နိုင်တိကျတဲ့ အိုင်တင်တွေနဲ့ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေးပါ။

အခုဆိုရင် ခိုင်နှင်းဝေက အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေသလို အလှူအတန်းနဲ့ပတ်သက်ရင်လည်း အရမ်းရက်ရောပါတယ်နော်။သူမတတ်နိုင်သလောက်ကို အမြဲတမ်းအလှူပြုပြီး ပရဟိတလုပ်ငန်းတွေကို စွမ်းစွမ်းတမံလုပ်ဆောင်နေတဲ့ စိတ်ထားဖြူစင်တဲ့ မင်းသမီးလေးပါ။သူမရဲ့ အနုပညာအရည်အချင်းကလည်း အရမ်းတော်တာဖြစ်လို့ ပရိတ်သတ်ကို ဇာတ်လမ်းအဆုံးထိ ရောက်အောင် ခေါ်ဆောင်သွားပါတယ်နော်။

အခုဆိုရင် ခိုင်နှင်းဝေက သူမရဲ့ မွေးနေ့လေးမှာ မွန်မြတ်တဲ့ အလှူဒါနများစွာကို လှူဒါန်းခဲ့ပါတယ်နော်။သူမရင်နှင့်လွယ်မွေးထားရတဲ့ သားသား မီးမီးလေးတွေနဲ့လည်း မွေးနေ့ကိတ်လေးကို ပျော်ရွှင်စွာခွဲခဲ့ပြီး သူမရဲ့ မွေးနေ့လေးမှာ တန်ဖိုးရှိတဲ့ အရာများစွာကို လုပ်ဆောင်ခဲ့တဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Source:Khine Hnin Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။