တစ်ခေတ်တစ်ခါရဲ့ မင်းသမီးတစ်လက်လို့ ပြောရမယ့် ဇင်ဇင်ဇော်မြင့်က အခုနောက်ပိုင်းတော့ အနုပညာလှုပ်ရှားမှု့တွေ သိပ်မတွေ့ရတော့ပါဘူး။အရင်တုန်းက ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့တဲ့သူမဟာ ပရိတ်သက်တွေရဲ့ အားပေးချစ်ခင်မှု့ကိုလည်း ရရှိခဲ့ပါတယ်။မိသားစုနဲ့အတူတူ ပျော်ရွှင်ချမ်းမြေ့စွာ ဘဝခရီးလမ်းကို ဖြတ်သန်းနေကြတာဖြစ်ပါတယ်။

သူမရဲ့ လှပမှု့ကလည်း ယခုချိန်ထိ နုငယ်ပျိုမျစ်နေတုန်းဖြစ်ပြီး အရင်ကထက်တောင် အများကြီးပိုလှလာပါသေးတယ်။သူမကို အားပေးနေတဲ့ ပရိတ်သက်ကြီးက သူမ ဇာတ်ကားတွေထပ်ရိုက်ရင်လည်း အားပေးဦးမယ့်အပြင် ယခုချိန်ထိတောင် ဇင်ဇင်ဇော်မြင့်ဆိုတာ နာမည်က ထင်ကျန်နေဆဲပါနော်။ဖိတ်ကြားတဲ့ ပွဲအခမ်းအနားတွေပဲ တက်နေတဲ့ သူမကတော့ ပရိတ်သက်နဲ့လည်း အဆက်အသွယ်မပြတ်သေးဘဲ ပရိတ်သက်ရင်ထဲမှာရှိနေသေးပါတယ်။

သူမက သာယာတဲ့ အိမ်ထောင်တစ်ခုနဲ့အတူ သားလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေပြီး ဘဝကို ဖြတ်သန်းနေတာပါ။မိသားစုအတွက်လည်း လိုလေသေးမရှိအောင် စီမံပေးနေတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ယခုဆို သူမရဲ့သားလေးတွေကလည်း သွက်သွက်လက်လက်လေးတွေနဲ့ အရမ်းကို ချစ်စရာကောင်းကြပါတယ်နော်။အခုဆိုရင် ပရိတ်သတ်ကြီးအတွက် ကြည်နူးစရာကောင်းတဲ့ သူမတို့မိသားစုပုံရိပ်လေးကို မျှဝေပေးလိုက်ပါတယ်နော်။သွက်သွက်လက်လက်နဲ့ ထက်မြက်တဲ့သားလေးနှစ်ယောက်ကြောင့် အမြဲပျော်ရွှင်နေရတဲ့ ဇင်ဇင်ဇော်မြင့် 

Source:May Tha Zin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။