ချစ်ပရိတ်သတ်ကြီးရေ... ချစ်စရာကောင်းတဲ့Tik Tokဗီဒီယိုလေးတွေနဲ့ ပရိတ်သတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိထားတဲ့ ဖြူဖြူထွေးကို ပရိတ်သတ်ကြီးသိမှာပါနော်။ သူမဟာ တဖြည်းဖြည်းနဲ့ ပရိတ်သတ်တွေရဲ့ ရင်ထဲကို ဝင်ရောက်လာခဲ့ပြီးတော့ အနုပညာလမ်းကြောင်းပေါ်မှာအခြေချနိုင်ဖို့ကြိုးစားနေသူလေးပါ။

အရမ်းလည်းရိုးသားပြီးတော့ ကလေးလေးလိုချစ်ဖို့ကောင်းတာကြောင့်ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုများစွာ ပိုင်ဆိုင်ထားရတာပဲဖြစ်ပါတယ်။ သူမဟာ ပရိတ်သတ်အချို့ရဲ့ ဝေဖန်မှုတွေရှိခဲ့ပေမယ့်လည်း သူမဝါသနာပါတာနဲ့ ယုံကြည်ရာကို အခြေခိုင်ခိုင်နဲ့ ပရိတ်သတ်တွေကို ချပြနိုင်အောင်ကြိုးစားလျက်ရှိပါတယ်နော်။

လတ်တလောမှာတော့ သူမဟာ ကြော်ငြာလေးတွေရိုက် ပွဲလေးတွေတက်နဲ့ အနုပညာအလုပ်တွေကြားမှာမအားမလပ်ရှိနေခဲ့ပါတယ်နော်။ ဒါပေမယ့် သူမဝါသနာပါတဲ့ Tik Tokလေးတွေကိုတော့ ဘယ်နေရာရောက်ရောက်ဆော့ဖြစ်နေတုန်းပါ။ အခုတစ်ခါမှာလည်း Beauty idol( Hair and Beauty salon)ဆိုင်သစ်ဖွင့်ပွဲကို မြန်မာဝတ်စုံလေးနဲ့ ရိုးရိုးယဉ်ယဉ်လေးတက်ရောက်ခဲ့ပါတယ်နော်။ ကဲ... ဖြူဖြူထွေးတစ်ယောက် ချစ်ဖို့ကောင်းတဲ့ မြန်မာလေးပုံစံနဲ့ ပွဲတက်လာခဲ့တဲ့ ပုံရီပ်လေးတွေကို ချစ်ပရီတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Phyu Phyu Htwe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။