ကမ္ဘာတစ်ဝှမ်းကပရိသတ်တွေအပြည့်နဲ့ကမ္ဘာအကောင်းဆုံးဘောလုံးသမားဆုတွေကိုအကြိမ်ကြိမ်အခါခါရထားတဲ့ကစားသမားကတော့ဂျူဗင်တပ်တိုက်စစ်မှူးရော်နယ်ဒိုပဲဖြစ်ပါတယ်။အသင်းတိုင်းမှာအရေးပါတဲ့ဂိုးတွေသွင်းယူပြီးဥရောပအောင်မြင်မှုတွေကိုအကြိမ်ကြိမ်ဆွတ်ခူးနိုင်တဲ့ကစားသမားကောင်းတစ်ယောက်ဖြစ်ပါတယ်။ 

သူကတော့အသက်အရွယ်ရလာပေမယ့်အသင်းအတွက်အရေးပါတဲ့သွင်းဂိုးတွေနဲ့နိုင်ပွဲတွေယူဆောင်နေတာဖြစ်ပါတယ်။ဒီနှစ်ရာသီအစကဂျူဗင်တပ်အသင်းကိုပြောင်းရွေ့ခဲ့ပြီးရာသီအစမှာဂိုးမသွင်းနိုင်ခဲ့လို့ ဝေဖန်မှုတွေရှိပေမယ့် ခုမှာတော့အနိုင်ဂိုးတွေကြောင့်ပရိသတ်တွေရဲ့အချစ်တော်ဖြစ်နေရတာပါ။ရော်နယ်ဒိုကတော့ပျော်ရွှင်စရာမိသားစုဘဝလေးကိုလည်းပိုင်ဆိုင်ထားပြီးသူ့ရဲ့ခြေစွမ်းတွေထက်သာလွန်မယ့်သားလေးတစ်ယောက်လည်းပိုင်ဆိုင်ထားတာပါ။

ဇိမ်ခံကားများကို စုဆောင်းရတာနှစ်သက်တဲ့ ဒိုလေးကတော့ သူ့ရဲ့ကားများကို ပရိတ်သတ်တွေသိရှိရအောင် လူမှုကွန်ယက်စာမျက်နှာတွင် ဝေမျှလေ့ရှိသူတစ်ယောက်ပါ။ အခုတစ်ခါမှာလည်း ဘောလုံးကစားသမား ကြယ်ပွင့်တစ်ပွင့်ဖြစ်တဲ့ ရော်နယ်ဒို သူ့ကားတွေနဲ့ပက်သက်ရင်အမြဲ ထုတ်ကြွားလေ့ရှိပြီး ယခု Bugatti ကားအသစ်ကိုလည်း ဘေးမှာသူ့သားလေးနဲ့အတူ မောင်းပြီး ထုတ်ကြွားလိုက်တာပါ။ ကားတံဆိပ်ကတော့ Bugatti Chiron ဖြစ်ပြီး ကာလပေါက်ဈေးက ဒေါ်လာ သုံးသန်းနီးပါးတန်ကြေးရှိပါတယ်။ ဇိမ်ခံကားသစ်ကြီးကို သားနဲ့တူတူမောင်းနေတဲ့ ရော်နယ်ဒိုရဲ့ ကြည်နူးဖွယ်ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source - Oh My Goal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။