ပရိသတ်ကြီးရေ Mrtv-4 မင်းသမီးတစ်ယောက်ဖြစ်တဲ့ နန်းစန္ဒာလှထွန်းကို သိကြမယ်ထင်ပါတယ်နော်။ သူမဟာဆိုရင် ရှမ်းတိုင်းရင်းသူလေးတစ်ယောက်ဖြစ်ပြီး အချိန်တိုအတွင်းမှာပဲ ပရိသတ်ကြီးရဲ့တစ်ခဲနက်အားပေးမှုကိုလက်ခံပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ချစ်စဖွယ်အမူအရာလေးတွေနဲ့ ကလေးတစ်ယောက်လို ဖြူစင်ရိုးသားတဲ့ အကြည့်တွေကြောင့်တတိုင်းပြည်လုံးရှိ ပရိသတ်တွေက ချစ်ခင်အားပေးလျက်ရှိတာဖြစ်ပါတယ်။ လူတိုင်းအပေါ် ရိုးသားပွင့်လင်းစွာဆက်ဆံပေါင်းသင်းတက်သူဖြစ်ပြီး သူမရဲ့ သရုပ်ဆောင်ချက်တွေဟာဆိုရင်လည်းတစ်ကယ့်ကို ကျရာဇာတ်ရုပ်ကို သဘာဝကျကျ ပိုင်နိုင်ပီပြင်စွာ ပါဝင်ရိုက်ကူးခဲ့တာကို ပရိသတ်ကြီးအနေနဲ့ ရှုမြင်ခံစားခဲ့ကြရမှာဖြစ်ပါတယ်။

"အရိပ်" ၊ "ပဉ္စလက်ရွာ" စတဲ့ Mrtv-4 ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ပရိသတ်တွေရဲ့လက်ခံအားပေးမှုကို ရယူပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်းလက်ခံရိုက်ကူးလာတာဖြစ်ပြီး ကြော်ငြာ၊ photo shotting တွေလည်းရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ပွဲလမ်းသဘင်တွေမှာ တက်ရောက်ခဲ့တဲ့ သူမရဲ့အလှပုံရိပ်လေးတွေကို ပရိသတ်ကြီးအနေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။

နန်းစန္ဒာလှထွန်းဟာဆိုရင်ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်မှားမှုအမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်....။ အခုတစ်ခါမှာဆိုရင်လည်း မြန်မာဝတ်စုံလေးကို ရိုးရိုးယဉ်ယဉ်ဝတ်ဆင်ထားပြီး ကျက်သရေရှိလှပသောအလှပုံရိပ်လေးတွေနဲ့အတူ "မြေခပေမယ့် အကြွေကောက်ကာ လူပါမြန်းရတော့ မွှေးသတဲ့လေ ခရေ.." ဆိုတဲ့ ကဗျာဆန်ဆန်စာသားလေးရေးသားပြီး သူမရဲ့ official facebook တွင်ထုတ်ဖော်တင်ဆက်ပြသထားတာဖြစ်ပြီး Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source Nan Sandar Hla Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။