အင်္ဂလိပ်-မြန်မာ တတိယစစ်အပြီးတွင် မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် အတူ ပျောက်ဆုံးသွားခဲ့သည့် ငမောက်ပတ္တမြားကို မိုးကုတ်ပတ္တမြား နယ်မြေ အင်းခေါင်းမှ ရရှိခဲ့သည်ဟုဆိုကာ အချို့ကလည်း အင်ကြင်းတောင်နှင့် ကျောက်ဆောင်လူး တောင်များမှ ရရှိခဲ့သည်ဟု ဆိုကြပါတယ်။ မိုးကုတ်နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ချင်းတွင်းနယ်သား ငမောက်ဆိုသူဟာ မိမိခြံအတွင်းမှ ပြိုးပြိုးပြက် ပြက် လင်းလက်နေသည့် ပတ္တမြားကြီးတစ်လုံးကို တွေ့ရှိခဲ့ရာ နှစ်ပိုင်းခွဲ၍ တစ်ပိုင်း ကို ယောက်ဖဖြစ်သူ မောင်ရွှေအား ပြည်ပသို့ သွားရောက်ရောင်းချစေခဲ့ပါတယ်။

ကျန်တစ်ပိုင်းကို ညောင်ရမ်းခေတ်ဘုရင် ပင်းတလဲမင်း(ခရစ်နှစ် ၁၆၄၈-၁၆၆၁)ထံ ဆက်သခဲ့ရာ ငမောက်ပတ္တမြားဟု ထင်ရှားခဲ့ပြီး

ငမောက်ပတ္တမြားသည် အလေးချိန် ရတီ ၉ဝ ရှိ၍ လုံးချောသွေးထားသည့် ကျောက်ဖြစ်ကာ ဝါဂွမ်းစ သို့မဟုတ် နွားနို့တွင် ထည့်ထားပါက ဂွမ်းစနှင့် နွားနို့တို့ သည် အနီရောင်သန်းလာသည်ဟု မှတ်တမ်းတွေအရ သိရပါတယ်။ မြန်မာ့နန်းစဉ် ပတ္တမြားများအနက် ငမောက်ပတ္တမြားသည် အထင်ရှားဆုံးဖြစ်ပီး အခြား နန်းစဉ်ပတ္တမြားများဖြစ်ကြ သည့် ရတီ ၂ဝ အလေးချိန်ရှိသော လှော်ကားတင်လေး(သက္ကရာဇ် ၁၁၄၇ ခုနှစ်)၊ ၄၉ ရတီ အလေးချိန်ရှိသော လှော်ကားတင်ကြီး(သက္ကရာဇ် ၁၁၉၉ ခုနှစ်)၊ ရှစ်ရတီ အလေးချိန်ရှိသော စံကျောက်လယ်သီးရေ(သက္ကရာဇ် ၁၂ဝ၉ ခုနှစ်)၊ ခြောက်ရတီ အလေးချိန်ရှိသည့် ဆင်မတော်ကျောက်(သက္ကရာဇ် ၁၂ဝ၉ ခုနှစ်)၊ ၁ဝ ရတီ အလေး ချိန်ရှိသည့် နဂါးဗိုလ်မျိုးဝင်ကျောက်တော် (သက္ကရာဇ် ၁၂ဝ၉ ခုနှစ်)တို့သည်လည်း မိုးကုတ်ဒေသမှထွက်ရှိသည့် အဖိုးတန် ပတ္တမြားများတွေပဲ ဖြစ်ပါတယ်။

ဘုရင်ထံဆက်သသည့် ပတ္တမြားကျောက်၏အဆင့်ကို မူတည်လျက် ဆင်၊ လှော် ကားငယ်၊ လှော်ကားကြီး စသည်တို့ဖြင့် တင်ဆောင်လာခဲ့ကြ ရသဖြင့် ဆင်တင် ပတ္တမြား၊ လှော်ကားငယ်တင် ပတ္တမြား၊ လှော်ကားကြီးတင်ပတ္တမြား စသည်ဖြင့် အခေါ်အဝေါ်များ ပေါ်ပေါက်လာခဲ့ရာ ငမောက်ပတ္တမြားသည် လှော်ကားကြီးတင် ပတ္တမြားအမျိုးအစားဖြစ်ပါတယ်။ ပျောက်ဆုံးနေသည့် ငမောက်ပတ္တမြားကို အင်္ဂလိပ်အစိုးရ လက် ထက်ကပင် စုံစမ်းမှုများ ပြုလုပ်ခဲ့ကြသော်လည်း အဖြေတစ်စုံတစ်ရာ မရရှိခဲ့သည့် အပြင် ဗြိတိသျှဘုရင်မကြီး၏ သရဖူအလယ်တွင် ထည့်သွင်းထားသည့် ပတ္တမြား ကြီးကို ငမောက်ပတ္တမြားဟု ယူဆမှုများလည်း ရှိခဲ့ကြပါတယ်။

Source : မောင်သာ ရှေးဟောင်းသုတေသန

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။