ချစ်ပရိတ်သတ်ကြီးရေ... လူငယ် Rapperအဆိုတော်လေးတစ်ယောက်ဖြစ်ပြီးတော့ သူများနဲ့မတူတဲ့ပုံစံနဲ့ အနုပညာလောကထဲကိုဝင်ရောက်လာခဲ့တဲ့ အဆိုတော်G fattဟာ ပရိတ်သတ်တွေတစ်ခဲနက်အားပေးခြင်းခံနေရသူတစ်ယောက်ပါနော်။ သူရဲ့သီချင်းလေးတွေက လူငယ်တွေတင်မကပါဘူး လူကြီးတွေပါခံစားနိုင်တဲ့အတွက်ကြောင့်လည်း အဆိုတော်လောကမှအောင်မြင်နေခဲ့တာပါနော်။

သူများနဲ့မတူဘဲ ကွဲပြားနေတဲ့ အသံလေးနဲ့ ဆန်းသစ်တဲ့သီဆိုဟန်တွေ ကာရံတွေကို အချိတ်အဆက်မိမိရေးစပ်နိုင်တာတွေကြောင့် စီနီယာအနုပညာအချို့ကတောင် လေးစားမှုတွေ ချစ်ခင်မှုတွေပေးထားခဲ့တာပါနော်။ ဒီလပိုင်းတွေမှာဆိုရင်လည်း G fattဟာ တက္ကသိုလ်ကျောင်းတွေရဲ့ကျောင်းင်္သြန်တွေကို ကိုယ်ချစ်ရတဲ့ သူလေးကိုလက်ဆွဲကာအတူတူသွားရောက်ဖျော်ဖြေခဲ့ပါသေးတယ်နော်။

ကျောင်းသင်္ကြန်တွေမှာ သီချင်းတွေလိုက်ဆိုနေရပေမယ့်လည်း အားတဲ့ အချိန်လေးမှာ G fattဟာ သူ့ရဲ့ နောက်ထွက်မယ့်သီချင်းလေးအတွက် အသည်းအသန်ကြိုးစားနေပါတယ်နော်။ ဘယ်လောက်တောင်ကြိုးစားလဲဆိုရင် အားတဲ့အချိန် ညနေဘက်လေးမှာ Studioလေးကို အပြေးသွားပြီးတော့ ည(၁)နာရီကျော်တဲ့အထိကို သီချင်းအတွက် အပင်ပန်းခံပြီး ပရိတ်သတ်တွေဆီကို အရောက်ပို့ပေးနိုင်ဖို့ကြိုးစားနေပါတယ်နော်။ သူ့ရဲ့ Fanတွေကလည်း အမြဲတမ်းထူးထူးခြားခြားလေးတွေနဲ့ ရင်ထဲစွဲစေလောက်မယ့် သီချင်းလေးတွေကို ဖန်တီးတတ်တဲ့ G fattကြောင့် နောက်ထပ်သီချင်းအသစ်လေးကို ဘယ်လို တင်ဆက်မှုခပ်ဆန်းဆန်းလေးတွေနဲ့ မြင်ရမလဲဆိုတာကို ရင်ခုန်စွာနဲ့ စောင့်မျှော်လျက်ရှိပါတယ် ချစ်ပရိတ်သတ်ကြီးရေ....

Source : G fatt

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။