အဆိုတော်အားတီဟာ အမိုက်စားတီးလုံးတွေဖန်တီးတတ်ပြီး အမြဲခပ်မိုက်မိုက် ကိုယ်ပိုင်သီချင်းလေးတွေ ရေးသားသီဆိုသူတစ်ဦးပါ။ " ညမွှေးပန်း " သီချင်းလေးနဲ့ ပရိတ်သတ်တွေပိုပြီး သတိထားမိလာတာလည်း ဖြစ်ပါတယ်။ Music Video လေးတွေရိုက်ကူးရာတွင်လည်း ဆန်းသစ်တဲ့ Idea လေးတွေနဲ့ပုံဖော် ရိုက်ကူးတတ်သူပဲ ဖြစ်ပါတယ်။   

အဆိုတော် အားတီဟာ အဆိုကောင်းရုံတင်မကဘဲ သူ့ရဲ့အမူအရာလေးတွေကလည်း သူ့ရဲ့ပရိတ်သတ်တွေအတွက် အရမ်းကို ချစ်ဖို့ကောင်းနေတာပဲ ဖြစ်ပါတယ်။ သူဟာဂီတလမ်းကြောင်းတွင် လျှောက်လှမ်းနေရုံတင်မကပဲ " ချဉ်၊ငံ၊စပ် " စားသောက်ဆိုင်လုပ်ငန်းကိုလည်း ဦးစီးလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ " Moving Colors " ဆိုတဲ့ တေးစီးရီး Album အသစ်လေးထွက်ရှိထားပါတယ်။ ဒီအခွေလေးထဲမှာ ထူးခြားဆန်းသစ်တဲ့ သီချင်းအမိုက်စားများကို ခံစားနားဆင်ရမှာပဲ ဖြစ်ပါတယ်။ 

ထူးခြားအံ့အားသင့်ဖွယ် Music Video လေးတွေသာ ရိုက်ကူးလေ့ရှိတဲ့ အားတီဟာ အခုတစ်ခေါက်မှာလည်း ထူးခြားဆန်းသစ်တဲ့ သီချင်း ဗီဒီယိုလေးတစ်ခုထွက်ရှိလာပြီပဲ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးမထွက်ရှိခင် audio သီချင်းထဲက ပရိသတ်များကြားမှာ ရေပန်းစားလူကြိုက်များခဲ့တာပဲ ဖြစ်ပါတယ်။ 

Source - Thiha Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။