ဘောလုံးပွဲတစ်ပွဲမှာမိမိအသင်းအနိုင်ရဖို့ကစားသမားတွေကအစွမ်းကုန်အနာခံပြီးကြိုးစားနေကြတာပါ။နိုင်ပွဲတစ်ပွဲဟာအသင်းသာမကပဲပရိသတ်တွေအကုန်လုံးကိုပါပျော်ရွှင်စေတာဖြစ်ပါတယ်။ဒါကြောင့်မိမိအသင်းအနိုင်ရဖို့ဆိုအနာခံလူမုန်းခံပြီးပေးဆပ်ခဲ့ကြတာပါ။ဒါကြောင့်တစ်ဖက်အသင်းကစားသမားတွေပရိသတ်တွေရဲ့ဝေဖန်မှုတွေကိုလည်းခံရတာပါ။

တစ်ချိူ့သောတိုက်စစ်ကစားသမားတွေကပယ်နတီဧရိယာရှေ့ထဲမှာဟန်ဆောင်လှဲချပြီးပယ်နတီရရှိအောင်စွမ်းဆောင်သူတွေလည်းရှိတာပါ။တစ်ချို့လုပ်ရပ်တွေကသိသာနေပေမယ့်ဒိုင်လူကြီးမမြင်မိတဲ့အခါတွေမှာသူတို့မျှော်မှန်းထားသလိုဖြစ်လာပြီးနိုင်ပွဲတွေရရှိခဲ့ပါတယ်။

နာမည်ကျော်ကစားသမားတွေလည်းအလားတူဖြစ်ရပ်မျိုးကိုလုပ်ကိုင်ကြတာပါ။တစ်ချို့လုပ်ရပ်တွေကသိသာပြီးပွဲပယ်ပြစ်ဒဏ်ခံရတဲ့ကစားသမားတွေလည်းဘောလုံးလောကမှာအများကြီးရှိပါတယ်။ခုမှာလည်းပရိသတ်တွေအတွက်ဘယ်ကစားသမားတွေကဘယ်လိုဟန်ဆောင်ဘောတွေရယူမလဲဆိုတာအောက်ကvideoလေးကိုကြည့်ပြီးအားပေးကြပါဦးနော်။

SOURCE:Football Highlights

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။