ပရိသတ်ကြီးရေ အမိုက်စားခန္ဓာကိုယ်နဲ့ ပုရိသတွေရဲ့ အသည်းစွဲတစ်ယောက်ဖြစ်တဲ့ မော်ဒယ်လ် နန်းသီရိမောင်ကိုသိကြမယ်ထင်ပါတယ်နော်။ အမြင်မရိုးသွားရအောင်သူမရဲ့ ဝတ်စားဆင်ယင်ပုံဒီဇိုင်းတွေဟာ အမြဲဆန်းသစ်လန်းဆန်းနေပြီး ပရိသတ်တွေရဲ့ အသည်းနှလုံးကိုအမြဲညှို့ယူဆွဲဆောင်နေတာဖြစ်ပါတယ်။ sexy model အနေနဲ့ အနုပညာလောကကို ဝင်ရောက်လာတာဖြစ်ပြီး အချိန်တိုအတွင်းမှာပဲ ယောက်ျားလေးပရိသတ်တွေရဲ့ ဘုရင်မတစ်ဆူဖြစ်လာတာပဲဖြစ်ပါတယ်။

သူမရဲ့ အမိုက်စား short video လေးတွေဟာဆိုရင်လည်း social media လောကမှာ ပုရိသ အများအပြားရဲ့ လက်ခံအားပေးမှုကိုရရှိခဲ့တာပဲဖြစ်ပါတယ်။ သူမရဲ့ အပြစ်ပြောစရာမရှိအောင်လှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းနှင့်ချိုသာသော စကားအဆန်းတွေကြောင့် ပရိသတ်အများအပြားရဲ့ တစ်ခဲနက်လက်ခံအားပေးမှုကို ရယူပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ sexy model တစ်ယောက်ဖြစ်ပင်မဲ့လည်း ဘုရားသွားကျောင်းတက်တဲ့အခါ မြန်မာဝတ်စုံရိုးရိုး လေးကို ဝတ်ပြီး မြင်သူတိုင်းရင်ထဲအေးမျှစေလောက်အောင်ကျက်သရေအဖြာဖြာတိုးပြီးလှပနေတာလည်းဖြစ်ပါတယ်။

နန်းဟာဆိုရင်ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှုအမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း ဓာတ်ပုံဆရာ Thein Zaw Win (Photo Magic)က ရိုက်ကူးပေးထားတာဖြစ်ပြီး၊ မိတ်ကပ်ပညာရှင် MUA Chuu Thit Han (Taw Win Thu)တို့ရဲ့ ခြယ်မှုန်ဖန်တီးပေးထားတဲ့ နန်းသီရိမောင်ရဲ့ အလွန်ဆွဲဆောင်မှုရှိလှသော အမိုက်စားပုံရိပ်တွေကိုမြင်တွေ့ကြရမှာပါ...။ သူမရဲ့ official facebook acc တွင် "Hola Isabella ဒီတစ်ခါ တော့ instagram မှာ အရင်မတင်တော့ဘူးနော်" ဆိုတဲ့ status လေးနဲ့တကွထုတ်ဖော်တင်ဆက်ပြသထားတာဖြစ်ပြီး Myanmarload ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်....။

Source Nang Thiri Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။