ထိုင်းနိုင်ငံ Samut Songkhram မှာနေထိုင်တဲ့ အမျိုးသားရဲ့ ၅ပေရှိတဲ့ ဖွတ်ကြီး တစ်ကောင် ရောက်ရှိနေခဲ့ပါတယ်။ ဖြစ်ပုံကတော့ Kimkhun Likitwattanasetလို့ အမည်ရှိတဲ့ ထိုင်းအမျိုးသားတစ်ဦးဟာ သူ့ရဲ့ ရေချိုးခန်းထဲမှာ အင်မတန် ဆူညံတဲ့ အသံတွေကို ကြားခဲ့ရပြီး မသင်္ကာသဖြင့် သွားရောက်ကြည့်ရှုတဲ့အခါမှာတော့ ထို ဧရာမဖွတ်ကြီးကို တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။

“ ကျွန်တော်တရားထိုင်နေတုန်း ရေချိုးခန်းဘက်ကနေ ဝုန်းဒိုင်းကျဲနေတဲ့ အသံတွေကြားခဲ့ရပြီး သွားကြည့်လိုက်တဲ့အခါ ရေချိုးခန်းနံရံမှာ ကပ်နေတဲ့ ဖွတ်ကြီးကို တွေ့လိုက်တော့ တော်တော် အံ့သြသွားခဲ့တယ်ဗျ။ ဒါနဲ့ ကျနော်လည်း တိရစ္ဆာန် ထိမ်းသိန်းရေးအဖွဲ့ ကို ဖုန်းဆက်ပြီး အကူညီ တောင်းခဲ့လိုက်ပါတယ်လို့ “ ထို ထိုင်းအမျိုးသားကပြောခဲ့ပါတယ်။

အဆိုပါ ဖွတ်ကြီးကို တိရစ္ဆာန်ထိမ်းသိန်းရေး အဖွဲ့ က ခဲရာခဲဆစ် ဖမ်းဆီးပေးခဲ့ရပြီး ထိုဖွတ်ကြီးရဲ့ ခန္ဒာကိုယ်ကို တိုင်းကြည့်ရာ အရှည် ၅ပေ ခန့်ရှိတာကို အံ့သြဖွယ်တွေ့ရှိခဲ့ရပါတယ်။ တိရစ္ဆာန် ထိမ်းသိမ်းရေးအဖွဲ့ ကတော့ဒီဖွတ်ကြီးကို တောထဲကိုဘေးကင်းစွာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

Source : UPI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။