အနုပညာလောကမှာလည်းပရိသတ်တွေရဲ့အချစ်တွေပိုင်ဆိုင်ထားပြီးအောင်မြင်နေတဲ့ အနုပညာရှင်စုံတွဲလေးကတော့ သူရိယနဲ့ဆုအိမ့်စံပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ရဲ့ချစ်ခြင်းပုံရိပ်တွေကလည်း ကြည်နူးစရာလေးတွေဖြစ်လို့ ပရိတ်သတ်တွေက အားကျပြီး ချစ်နေရတာာပါ။တစ်ယောက်ကိုတစ်ယောက်ဂရုစိုက်ပြီးပျော်ရွှင်စရာကောင်းတဲ့အချစ်ရေးလေးကိုဖြတ်သန်းနေတဲ့သူတို့ စုံတွဲလေးက စေ့စပ်လိုက်ကြပြီဖြစ်ပါတယ်။

သူတိုစုံတွဲလေးက တစ်ယောက်ကိုတစ်ယောက် နားလည်မှုတွေ ချစ်ခြင်းမေတ္တာတွေနဲ့ တည်ဆောက်ထားတာဖြစ်လို့ ခိုင်ခိုင်မြဲနေတဲ့ Relationship လေးပါ။အနုပညာအလုပ်တွေကိုလည်းနှစ်ယောက်တူတူအမြဲတွဲလုပ်ကြတာပါ။သူတို့နှစ်ယောက်က အနုပညာအလုပ်တွေကိုလည်း အတူတူတွဲပြီး လုပ်ကိုင်နေပြီး ဇာတ်ကားတွေမှာဆိုရင်လည်း သူတို့စုံတွဲလေးကို တွေ့မြင်ရမှာပါနော်။သူတို့နှစ်ယောက်က အခုချိန်မှာ အနုပညာအလုပ်တွေကို တစ်စိုက်မက်မက်လုပ်ဆောင်နေပါတယ်။

သူရိယကလည်း ချစ်သူလေး ဆုအိမ့်စံကို အလိုလိုက်အကြိုက်ဆောင်ကာ အရာရာကို လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးတတ်တဲ့ လက်တွဲဖော်ကောင်းတစ်ယောက်ပါနော်။ဆုအိမ့်စံကလည်း သူရိယကို အရမ်းချစ်တာဖြစ်လို့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးလေးက တွေးကြည့်ရုံနဲ့တင် ကြည်နူးစရာလေးဖြစ်ပါတယ်။အခုဆိုရင်တော့ ဆုအိမ့်စံက "မအိပ်မစား၅ရက်ကျော်သွားတော့ လူလည်းဂူဂူဂါဂါပေါ့ ဝိတ်အရမ်းကိုချပလိုက်တယ်"ဆိုပြီး သူမရဲ့ လှသွေးကြွယ်နေတဲ့ ပုံရိပ်လေးတွေကို မျှဝေခဲ့ပါတယ်နော်။

Source:Hsu Eain San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။