ပေါ်တူဂီအသင်းနဲ့ဂျူဗင်တပ်အသင်းတိုက်စစ်မှူးရော်နယ်ဒိုကတော့လက်ရှိမှာကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတွေထဲကတစ်ယောက်ပါ။သူကတော့အသက်အရွယ်ရလာပေမယ့်ယနေ့ထိတိုင်ခြေစွမ်းကောင်းတွေပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ဂျူဗင်အသင်းမှာလည်းခြေစွမ်းပြဂိုးတွေသွင်းပြီးပရိသတ်အချစ်တွေကိုရထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ချန်ပီယံလိဒ်၁၆သင်းရှုံးထွက်ပွဲမှာလည်းတီကိုအသင်းကိုဟက်ထရစ်၃ဂိုးသွင်းပြီးနောက်တစ်ဆင့်ကိုရောက်ရှိအောင်စွမ်းဆောင်နိုင်ခဲ့တာပါ။ရော်နယ်ဒိုကတော့ဘောလုံးလောကအပြင်ကြော်ငြာလေးတွေကိုလည်းရိုက်ကူးရတာဖြစ်ပါတယ်။အဘက်ဘက်မှာအောင်မြင်တာကြောင့်သူရဲ့ချမ်းသာမှုကလည်းတစ်ခဲနက်ပဲဖြစ်ပါတယ်။

သူရိုက်ကူးထားတဲ့ကြော်ငြာလေးတွေအများကြီးထွက်ရှိထားပြီးကြော်ငြာတိုင်းကလည်းပရိသတ်အကြိုက်အောင်မြင်နေတာဖြစ်ပါတယ်။သူ့ရဲ့ကိုယ်ပိုင်brandတွေလည်းထုတ်လုပ်ထားပြီးလူကြိုက်များအောင်မြင်နေတာပါ။ပရိသတ်တွေအတွက်လည်းသူရိုက်ကူးထားတဲ့အမိုက်စားကြော်ငြာပုံရိပ်လေးတွေကိုလည်းတင်ဆက်ပေးလိုက်ကပြီးအားပေးကြပါဦးနော်။

SOURCE:GOOGLE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။