ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ ပါလက်စတိုင်းပိုက်နက်ထဲကနေပြီး အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ထဲကို ဒုံးကျည်နှစ်စင်းပစ်လွှတ်ပြီး တိုက်ခိုက်ခဲ့ပါတယ်။

ဒါ့ကြောင့် အစ္စရေးဘက်ကလည်း ၎င်းတိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ပါလက်စတိုင်းနိုင်ငံထဲက ဟားမတ်စ်စခန်းတွေကို ဗုံးကြဲခဲ့ပါတယ်လို့သိရပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သတ်ပြီး အစ္စရေးဘက်ကတော့ သူတို့အနေနဲ့ ဂါဇာဒေသက အကြမ်းဖက်အဖွဲ့ နေရာတွေကို ပစ်မှတ်ထားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

၎င်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆောက်အဦး ၄ ခုထိခိုက်ပျက်စီးခဲ့ရပေမယ့် ကြိုတင်သတိပေးချက်ထုတ်ပြန်ထားတာကြောင့် ၎င်းအဆောက်အဦးကလူတွေဟာ ဘေးလွတ်ရာကိုပြောင်းရွှေ့နေခဲ့ကြတယ်လို့သိရပါတယ်။

မနေ့ကထိဆိုရင်တော့ ထိခိုက်ဒဏ်ရာရတဲ့လူဦးရေကို သေချာမသိရသေးပေမယ့် ဟားမတ်စ်တွေကတော့ အစ္စရေးနိုင်ငံထဲကို ဒုံးကျည်နဲ့တိုက်ခိုက်တာဟာ သူတို့လက်ချက်မဟုတ်ကြောင် ငြင်းဆိုထားတယ်လို့သိရပါတယ်။

source - dvb 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။