ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့မှာတော့ နယူးဇီလန်နိုင်ငံ ခရိုက်ချက်မြို့က ဗလီတခုမှာ သေနတ်ပစ်ခတ်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။
သို့ပေမယ့် ရဲတပ်ဖွဲ့ဝင်တွေကတော့ ၎င်းသေနတ်ပစ်ခတ်မှုဟာ ဗလီထဲမှာဖြစ်တာလား ဗလီပြင်ပမှာဖြစ်တာလားဆိုတာ ချက်ခြင်းမှတ်ချက်မပေးခဲ့ဘူးလို့သိရပါတယ်။
။
၎င်းတိုက်ခိုက်မှုဖြစ်ပေါ်ခဲ့တဲ့ မနေ့ကဆိုရင်လည်း ဒေသခံပြည်သူတွေဟာ အိမ်ထဲကအိမ်ပြင်မထွက်ရဲခဲ့ကြပါဘူး၊
ဒါ့အပြင် ရဲတပ်ဖွဲ့အနေနဲ့လည်း မြို့လယ်ခေါင်မှာ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို နေရာချထားပေးပြီး လုံခြုံရေးကို စောင့်ကြည့်ပေးနေတယ်လို့သိရပါတယ်
၎င်းတိုက်ခိုက်မှုကို မြင်တွေ့ခဲ့ရတဲ့ မျက်မြင်သက်သေတဦးဟာဆိုရင်လည်း ဒီတိုက်ခိုက်မှုကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေ အများအပြားတွေ့ခဲ့ရတယ်လို့ ပြောကြားထားခဲ့ပါတယ်။
ဒါ့အပြင် နောက်ထပ်မျက်မြင်သက်သေတဦးဟာဆိုရင်လည်း ဗီလီရဲ့အပြင်ဘက်မှာ လူသုံးဦးသွေးတွေနဲ့ လဲနေတာတွေ့ခဲ့တယ်လို့ သတင်းပေးထားကြောင်းသိရပါတယ်။
source - dvb
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။