သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တွေထဲမှာ အမွှာသားချောလေးတွေကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်ဝေလျှံတို့ မိသားစုကလည်း အပါအဝင်ပါပဲ..။

ဂီတလောကမှာ အမိုက်စားသီချင်းစာသားလေးတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲရောက်လာတဲ့ လူငယ် Hip Hop အဆိုတော်ဝေလျှံကတော့ ပရိသတ်တွေချစ်ခင်အားကျရတဲ့ ချစ်စရာကောင်းတဲ့ အမွှာသားချောလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်နော်..။

ဒီကနေ့ မတ်လ(၁၅)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့ အဆိုတော် ဝေလျှံရဲ့ မွေးနေ့ရက်မြတ်နေ့လေးပဲ ဖြစ်ပြီး ဝေလျှံကတော့ မွေးနေ့ရက် မနက်အစောပိုင်းကတည်းက ကုသိုလ်ကောင်းမှုလေးတွေ ပြုလုပ်ကုသိုလ်ယူနေပါတယ်နော်..။

မွေးနေ့ရက်လေးမှာ သံဃာတော်တွေကို အာရုံဆွမ်းကပ်လှူပူဖော်ခဲ့ပြီး မိဘနှစ်ပါးကို ရှိခိုးကန်တော့ကာ မွေးနေ့မနက်အစောပိုင်းလေးကို စတင်ဖြတ်သန်းခဲ့သလို ဝေလျှံရဲ့မေမေကလည်း သားလေးရဲ့ ငယ်ဘဝပုံရိပ်လေးတွေနဲ့အတူ မွေးနေ့ဆုတောင်းပေးထားပါသေးတယ်..။

အမွှာသားချောလေးနှစ်ယောက်ကို မွေးဖွားထားတဲ့ ဖေဖေတစ်ယောက်ဖြစ်သွားပေမယ့် ချစ်ရတဲ့သားလေးဝေလျှံအတွက် သူ့ရဲ့ငယ်ဘဝက မမေ့နိုင်စရာ အဖိုးတန်အမှတ်တရပုံရိပ်လေးတွေနဲ့ မွေးနေ့ဆုတောင်းပေးထားတာမို့ တကယ်ကို ကြည်နူးအေးချမ်းစရာပါပဲနော်..။

“ချစ်သားကြီးအသက်လည်း တစ်နှစ်ကြီးပြီအမွှာလေးတွေပိုင်ဆိုင်တဲ့ ဖေဖေဟတ်ပီးဘတ်ဒေးနော် မောင်နှမငါးရောက်ရဲ့ အကြီးမားဆုံး အကိုကြီးအဖရာ ညီလေးညီမလေးတွေ့ကိုလည်း သွန်းသင်ဆုံးမနိုင်ပါစေ ဖိုးဖွားမိဘများကိုလည်း ဆောင်ရှောက်နိုင်ပါစေ ဘာသာသာသနာများလည်းပြုနိုင်ပါစေ လိုအင်ဆန္ဒအားလုံးလည်းပြည့်စုံပါစေ ချစ်သောမိသားစုနဲ့လည်း ဘဝခရီးသာသာယာယာလေး လျောက်လှမ်းနိုင်ပါစေချစ်သား ငယ်စဉ်ဘဝ အမှတ်တရဓါတ်ပုံလေးတွေ့နဲ့ ဟတ်ပီးဘတ်ဒေးပါသားကြီး..” ဆိုပြီး မွေးနေ့ဆုတောင်းပေးထားသလို ဝေလျှံကလည်း သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ မွေးသမိခင် မိနဲ့ဖကို ကျေးဇူးတင်စကားလေး ဆိုထားတာလည်း ကြည်နူးစွာ မြင်တွေ့ရပါတယ်နော်..။

Photo - ဝေလျှံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။