မြန်မာ့နိုင်ငံရဲ့ အဓိကပင်မ ပဲ့ကိုင်ရှင်တစ်ဦးဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားမှုတိုင်းကို ပြည်တွင်း ပြည်ပလေ့လာစောင့်ကြည့်သူများစွာရှိနေတာ အားလုံးအသိပဲဖြစ်မယ်ထင်ပါတယ်။ နိုင်ငံထိပ်သီးခေါင်းဆောင်များရဲ့ အာရုံစိုက်မှုကို အဓိကခံနေရသူတစ်ဦးဖြစ်ပြီး နိုင်ငံတာဝန်များစွာကို ထမ်းဆောင်နေတဲ့ ရဲရင့်သူအမျိုးသမီးသူရဲကောင်းတစ်ဦးလည်းဖြစ်တာကို အားလုံးလက်ခံကြမယ်ထင်ပါတယ်။     

ပြည်ပခရီးစဉ်များစွာကို သွားရောက်လေ့ရှိသူတစ်ယောက်ဖြစ်ပြီး အာရှနိုင်ငံတွေတင်သာမက ဥရောပနိုင်ငံတွေကပါ လေးစားနေရသူတစ်ယောက်လည်းဖြစ်ပါတယ်။ အဆိုပါနိုင်ငံတွေထဲမှာ ဂျပန်နိုင်ငံလည်း ပါဝင်ခဲ့တာတွေ့ရပါတယ်။ အမေစုကတော့ ဂျပန်နိုင်ငံကို အကြိမ်ပေါင်းများစွာသွားရောက်တက်သူတစ်ယောက်ဖြစ်ပြီး အမှတ်တရဓာတ်ပုံတွေကတော့ ယနေ့အထိတည်ရှိနေဆဲဖြစ်ပါတယ်။  

ချစ်စရာအပြုံးလေးနဲ့ ဂျပန်နိုင်ငံမှာ ဖြတ်သန်းခဲ့တဲ့ ပုံရိပ်တွေကတော့ လက်ရှိအထိမမေ့နိုင်စရာပုံရိပ်တွေပဲဖြစ်ပါတယ်။ ပရိသတ်တွေမသိရှိသေးတဲ့ အမေစုရဲ့ ဂျပန်နိုင်ငံရောက်အမှတ်တရပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

pHOTOS - DAW AUNG SAN SUU KYI'S FANS

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။