ပရိတ်သတ်ကြီးရေ... အရမ်းလည်းဟာသတွေပြောတတ်ပြီး ရုပ်ရှင် ဗီဒီယိုလောကမှာကော သဘင်လောကမှာပါ ပရိတ်သတ်တွေအားပေးမှုကိုတစ်ခဲနက်ရရှိထားတဲ့ ဟာသအနုပညာရှင် တစ်ဦးရှိပါတယ်။ သူကတော့ ဟာသ သရုပ်ဆောင်ဒိန်းဒေါင်ပဲဖြစ်ပါတယ်။သူဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်နေရပြီဖြစ်တဲ့ ဟာသအနုပညာရှင်တစ်ဦးပါ။

အလှူအတန်းလည်းအရမ်း ရက်ရောသူဖြစ်ပြီး ပရဟိတစိတ်ရှိတဲ့ ဒိန်းဒေါင်ဟာ သူ့ရဲ့ချွေးနဲစာလေးတွေနဲ့လည်း မကြာခဏ အလှူအတန်းပြုကုသိုလ်ယူ တတ်သူတစ်ယောက်ဖြစ်ပါတယ်။ အဲ့လိုစိတ်ဓာတ်ပိုင်းဆိုင်ရာမှာ စံထားရလောက်အောင်အရမ်းကောင်းတဲ့ ဒိန်းဒေါင်ဟာ သဘင်ပညာမှာလည်းထူးချွန်သူပါ။သူပြတ်လုံးတစ်လုံးထုတ်လိုက်တာနဲ့ ပရိတ်သတ်တွေအားလုံးပွဲကျသွားခဲ့ရတာချည်းပါပဲနော်။

အလှူအတန်းဆိုလည်း အရမ်းကို ရက်ရောပြီးပရဟိတစိတ်ရှိတဲ့ ဒိန်းဒေါင်ဟာ အခုတစ်ခါမှာလည်း သူကပိုယ်တိုင်မတည်ပြီးတည်ထားကိုးကွယ်တဲ့ အနန္တမေတ္တာ စေတီတော်မြတ်ကြီးထီးတင်ပွဲအတွက် အနုပညာမောင်နှမတွေနဲ့ စည်စည်ကားကားသိုက်သိုက်မြိုက်မြိုက်လေးလုပ်နိုင်အောင်ကြိုးစားလျက်ရှိပါတယ်နော်။ "ရုပ်ရှင်သဘင်ဂီတအနုပညာရှင်ညီကိုမောင်နှမများခင်ဗျာကျွန်တော်ဒိန်းဒေါင်မတည်လှူဒါန်းတည်ထားကိုယ်းကွယ်မည့်မိဘကျေးဇူးဆပ်အနန္တမေတ္တာရှင်စေတီတော်မြတ်ကြီးရွေထီးတော်တင်လှူပွဲအား16.3.2019 ညမှ 20.3.2019ညအထိ5ညတိုင်တိုင်စည်ကားသိပ်မြိုက်စွာကျင်းပလိုပါသဖြင့်မိမိတို့တက်ကျွမ်းသောအနုပညာဖြင့်ကုသိုလ်ယူပြီးလာရောက်ဖျော်ဖြေပေးပါရန်ရိုသေလေးစားစွာဖိတ်ကြားအပ်ပါသည်"ဆိုပြီးတော့ သူ့ရဲ့ အနုပညာရှင်သူငယ်ချင်း တွေကို အကူအညီတောင်းထားတာကိုတွေကရပါတယ်နော်။ကဲ... ပရိတ်သတ်ကြီးတို့လည်း Shareပြီး ကုသိုလ်ယူပေးလိုက်ကြပါအုန်းနော်။

Source : Dain Daung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။