ဆံရှည်ကိုယ်တော်လေးပိုင်တံခွန်တစ်ယောက် ပျိုပျိုမေတို့ကို နောက်ထပ်တစ်ခေါက် အသဲခွဲ လိုက်ပြီလားလို့ ထင်ချင်စရာကောင်းလောက်အောင် မော်ဒယ်ဆုရွှေရည်ထူးနဲ့ အကြည့်ချင်း ဆုံနေတဲ့ပုံရိပ်လေးတွေ တင်လိုက်ပြန်ပါပြီ ပရိသတ်ကြီးရေ။ အချိန်တိုင်းမှာ ဆွဲဆောင်မှု တွေပြည့်နေတဲ့ မော်ဒယ်မင်းသားခောျတစ်ယောက်ဖြစ်ပြီး အမျိုးသမီးပရိသတ်တော်တော်များ များပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ အမြဲလိုလို ပရိသတ်တွေနဲ့ ရင်းရင်းနှီး နှီးနေတတ်ပြီး ဖော်ရွေတတ်တဲ့ မင်းသားချောတစ်လက်ပါပဲ။

အနုပညာလမ်းကြောင်းပေါ်မှာအောင်မြင်မှုတွေနဲ့လျောက်လှမ်းနေခဲ့ပြီး ပရိသတ်အားပေး မှုအပြည့်အဝရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ အနုပညာကြေးလေးတွေနဲ့ မိဘတွေကို ပြန်ပြီးကျေးဇူးသိတတ်တဲ့ သားလိမ္မာတစ်ယောက်ဆိုလည်း မမှားပါဘူး။ မော်ဒယ်အဖြစ်နဲ့ အနုပညာ လောကထဲကို စတင်ဝင်ရောက်လာခဲ့ပြီးနောက်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ေ်ဆာင်နေပြီပဲဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာ လည်း မော်ဒယ်ဆုရွှေရည်ထူးနဲ့အတူ ခရီးသွားကောက်ကြောင်း အပိုင်း(၅) ကို ရိုက်ကူး မှာဖြစ်ပြီး သူမက ပိုင်တံခွန်ကို သိပ်ချစ်ရတဲ့ မိန်းကလေး နေရာက သရုပ်ဆောင်ရမှာမို့ ခုကတည်းက Mood တွေ သွင်းနေကြပြီထင်ပါရဲ့နော်။

ဆံပင်အရှည်လေးနဲ့ ခပ်မိုက်မိုက်လေးဖြစ်နေတာမို့ ပရိသတ်တွေက ချစ်စနိုးနဲ့ " ဆံရှည် ကိုယ်တော် " လို့တောင် စနောက်ခဲ့ကြပါသေးတယ်။ မော်ဒယ်ဆုရွှေရည်ထူးတစ်ယောက် သူမနဲ့ပိုင်တံခွန်ရဲ့ ကြည်နူးဖွယ်ပုံရိပ်လေးကို " တစ်ခါတစ်ရံ အချစ်ဆိုတာ ပိုင်ဆိုင်ရတာထက် မြင်နေရတယ်ဆိုရုံလေးနဲ့ ပြည့်စုံတယ်ဆိုတာ မင်းသိရင်အရမ်းကောင်းမှာဘဲ အချစ်ရယ်.. " ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ပိုင်တံခွန်ကလဲ နှစ်ယောက်သား ဘုရားပန်းကပ်လှူနေ တဲ့ပုံရိပ်လေးကို ကြည်ကြည်နူးနူးတင်ထားတာပဲဖြစ်ပါတယ်။ နှစ်ယောက်သားရဲ့အချစ်ဇာတ် လမ်းလေးက တော့ ပိတ်ကားထက်မှာ ပေါ်လာတော့မှာမို့ ပရိသတ်ကြီးက စောင့်မျှော် ကြည့်ရှုလိုက်ပါဦးနော်။

Photo - Paing Takhon / Su Shwe Yee Htoo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။