Jennifer Lopez ဟာဆိုရင်သိပ်မကြာသေးခင်ကမှ စေ့စပ်ထားတာဖြစ်ပါတယ်။ သူဟာဆိုရင်လဲ ကမ္ဘာအကဘုရင်မလိုတောင် မှတ်ထားလို့ရတဲ့ အဆိုတော် အနုပညာရှင်တစ်ယောက်ဖြစ်ကာ ခန္ဓာကိုယ်အလှဟာဆိုရင်လဲ ပြောစရာမရှိအောင် လှပနေသူပဲဖြစ်ပါတယ်။ အသက်၄၉နှစ်ရှိပြီဖြစ်တဲ့ Lopez ဟာဆိုရင်စေ့စပ်တဲ့ကိစ္စကြောင့် အရင်အပတ်တုန်းကတော်တော်ပျော်နေခဲ့ပါတယ်။သူတို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်းဟာဆိုရင်လဲ ၂နှဏ်ကျော်နီးပါရှိပြီဖြစ်ကာ စေ့စပ်တာ မစောပါဘူး။ 

" Alex ကသူမကို propose လုပ် မယ်ဆိုတာမသိခဲ့ပါဘူး...လက်ထပ်ခွင့်လဲတောင်းရော သူတော်တော်လေးကို ပျော်သွားခဲ့ပါတယ် " လို့အတွင်းသတင်းသမားတွေကပြောခဲ့ပါတယ်။ သူတို့နှစ်ယောက် ခုလိုစေ့စပ်လိုက်တဲ့အပေါ် အနုပညာရှင်တွေက ဂုဏ်ပြုပြောဆိုခဲ့ပါတယ်။ ကမ္ဘာကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ Ne-Yo က " ကျွန်တော်သူမအတွက် တကယ်ကိုပျော်ပါတယ်...သူမနောက်ဆုံးတော့လုပ်နိုင်ခဲ့ပြီပဲ...တကယ်ပါ ဂုဏ်ယူပါတယ် " လို့ပြောခဲ့ပါတယ်။  

အင်္ဂါနေ့မနက်တုန်းက Alex နဲ့ Jennifer တို့ဟာ Miami မြို့ကိုလာရောက်ခဲ့ကြပါတယ်။ အဲ့လိုလေယာဉ်ပေါ်ကဆင်းလာပြီး ထွက်လာစဉ်မှာ Alex ရဲ့ဘယ်ဘက်မျက်လုံးနားမှာ အထိုးခံရသလို နီနေခဲ့ပါတယ်။ ကြည့်ရတာသူတို့နှစ်ယောက်ဘာတွေဖြစ်ခဲ့တာပါလိမ့် ဒါမှမဟုတ် လေယာဉ်ပေါ်မှာဖြစ်ခဲ့တာလား....။ Alex ရဲ့အရင်မိန်းမဖြစ်သူ Jessica က ပြောဆိုခဲ့ကာ Jose Canseco ကလဲ Alex က Jennifer ကိုလှည့်စားနေတယ်လို့ ဝေဖန်ပြောခဲ့ပါတယ်။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။