သရုပ်ဆောင်နိုင်းနိုင်းဟာဆိုရင် လက်ရှိအချိန်ထိ ခန့်ချောကြီးအဖြစ်နဲ့ ပရိသတ်တွေရဲ့ အချစ် တွေကို သိမ်းပိုက်ထားနိုင်ဆဲ မင်းသားချောတစ်ဦး ပါပဲ။ ဇနီးဖြစ်သူ စန္ဒီချိုနဲ့အတူ သားသမီး လေးယောက်ထိ ထွန်းကားထားပြီး Big Family ကြီးကို သိုက်သိုက်ဝန်းဝန်းပျော်ပျော်ရွှင် ရွှင် တည်ဆောက်ထားကြတာပဲဖြစ်ပါတယ်။ မိသားစုကတော့ နယူးယောက်မြို့မှာနေထိုင်ပြီး နိုင်းနိုင်းတစ်ယောက်ကတော့ အနုပညာအလုပ်တွေရှိတာမို့ အမိနိုင်ငံနဲ့ မိသားစုထံကို အမြဲတမ်း အသွားအပြန်လုပ်နေတာပဲဖြစ်ပါတယ်။

နောက်ပိုင်းရိုက်ကူးလာတဲ့ဇာတ်ကားတွေမှာလည်း လုံးဝအမိုက်စား အကြမ်းစားဇာတ်ကား တွေကိုပဲ ဇာတ်ရုပ်နဲ့ ပီပြင်လိုက်ဖက်အောင် ကျကျနန သရုပ်ဆောင်နိုင်တာမို့ ပရိသတ်တွေရဲ့ ရင်ထဲကို ပိုလို့တိုးဝင်လာခဲ့ပါတယ်။ နိုင်းနိုင်းတစ်ယောက် ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းက မိသားစုနဲ့အတူ ဘန်ကောက်မြို့ကိုရောက်ရှိနေတာဖြစ်ပြီး ဘန်ကောက်မြို့ရဲ့လမ်းမထက်မှာ ရောင်းချနေတဲ့ မိချောင်းကောင်လုံးကင်နဲ့အတူ selfie ပုံရိပ် ရိုက်ကူးကာ " စားကြပါဦး " ဆိုပြီး ပရိသတ်တွေကို စနောက်လိုက်တာပဲဖြစ်ပါတယ်။ အသည်းယားစရာကြီးနော်။

ဘန်ကောက်ကအပြန်လေဆိပ်မှာ အကယ်ဒမီမင်းသမီး ခိုင်သင်းကြည်တို့ဇနီးမောင်နှံနဲ့ တွေ့ဆုံခဲ့တဲ့ ကြည်နူးစရာပုံရိပ်လေးကို " Byebye BKK. လေဆိပ်မှာ ကျွန်တော်အထက် တန်းကျောင်းသားကတည်းက အားပေးခဲ့ရသော ချစ်အစ်မကြီးနှင့်ကြုံတုန်းလေး " ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ချောနေဆဲ ခန့်နေဆဲ ပရိသတ်ရင်ထဲကို ပို၍ ပို၍ တိုးဝင်နေဆဲဖြစ်တဲ့ မင်းသားချောရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်တယ်နော်။

Photo - စန္ဒီချို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။