Jessie J ဟာဆိုရင် ကမ္ဘာကျော် pop အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ သူရဲ့သီချင်းတွေကိုလဲ ပရိသတ်ကြီးသိကြသလို ကြိုက်လဲကြိုက်ကြမယ်လို့ထင်ပါတယ်။ အောင်မြင်ကျော်ကြားတဲ့ အဆိုတော်ဖြစ်တဲ့ Jessie J ဟာ ခုချိန်မှာ သီချင်းဆိုတဲ့အလုပ်ကို ခဏရပ်ထားတာကိုတွေ့ရှိရပါတယ်။ Jessie J ဟာခုချိန်မှာတော့ ကမ္ဘာကျော်သရုပ်ဆောင်မင်းသားတစ်ယောက်ဖြစ်တဲ့ Channing Tatum နဲ့တွဲနေတာဖြစ်ပါတယ်။  

Tatum ဟာဆိုရင်အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ကာ ပရိသတ်ကြီးလဲ မင်းသားကိုသိမယ်ထင်ပါတယ်။ သူပါဝင်ရိုက်ကူးထားတဲ့ 21 Jump Street နဲ့ 22 Jump Street ဟာဆိုရင်လဲ ပရိသတ်တွေ တော်တော်များများြိကုက်ကြတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ J နဲ့ Tatum တို့ဟာ ပြီးခဲ့တဲ့နှစ် October လက လူတွေကိုအံသြသင့်စေခဲ့ပါတယ်...သူတို့ရဲ့အချစ်တွေကို လူသိရှင်ကြားပြောဆိုခဲ့ကြတာမို့ပါ။ 

သူတို့နှစ်ယောက်ဟာခုချိန်မှာဆိုရင်တော့ မြို့ထဲကို ချစ်ကြည်နူးစွာ ထွက်ရှိလို့လာခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ဟာ ဘယ်ချိန်ကစတွေ့လဲဆိုရင် ၂၀၁၅ခုနှစ်က MTV ဆုပေးပွဲမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ Tatum ဟာဆိုရင်လဲ ၉နှစ်သာအိမ်ထောင်သက်တမ်းရှိတဲ့ Jenna Dewan နဲ့လမ်းခွဲခဲ့ပါတယ်။ သူတို့နှဏ်ယောက်လမ်းခွဲရတဲ့ အကြောင်းကလဲ အဆင်မပြေမှုတွေဖြစ်ကာ ရန်ဖြစ်နေကြမို့လို့ လမ်းခွဲခဲ့ကြတာဖြစ်ပါတယ်။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။