Justin Bieber နဲ့ Hailey Baldwin တို့ရဲ့ချစ်ခြင်းဟာဆိုရင် အရမ်းကိုရှုတ်ထွေးပါတယ်....ဒါပေမဲ့ သူတို့နှစ်ယောက်က မချစ်ဘူးလာဆိုတော့လဲ မဟုတ်ပါဘူး....ချစ်ကြပါတယ်။ JB ကခုလက်ရှိမှာ လက်ထပ်ရမဲ့အရေးကို အရမ်းတွေးနေလို့ စိတ်ကအိုက်နေကာ ထိုင်မှိုင်းနေတာဖြစ်ပါတယ်။ သိပ်မကြာသေးခင်ကမှလဲ ပရိသတ်တွေကို Instagram မှာ ရင်ဖွင့်ထားခဲ့တာဖြစ်ပါတယ်။ 

ကြာသပတေးနေ့မှာဆိုရင်တော့ သူဟာမြို့ထဲကို ပျော်ရွှင်စာ ထွက်ရှိလို့လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်တွေမှာ သူဟာ မပျော်ရွှင်သလိုဖြစ်နေခဲ့တာမို့ ခုချိန်မှာတော့ ပျော်ရွှင်နေတာကိုတွေ့ရှိခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းတောက်လျှောက်မှာ သူဟာ မိန်းမဖြစ်သူ Hailey နဲ့ အတူတူရှိခဲ့တာဖြစ်ပြီး Hailey ကလဲသူကို ပျော်ရွှင်စရာဖြစ်အောင် ချစ်ကြည်းနူးခဲ့ကြပါတယ်။ Jb အသက်ဟာ ၂၅နစ်ရှိပြီဖြစ်ပြီး Hailey ဟာဆိုရင် ၂၂နှစ်ရှိပြီဖြစ်ပါတယ်။ 

သူမြို့ပေါ်ထွက်ခဲ့တဲ့ ပုံရိပ်တွေကိုလဲ ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ JB ဟာဆိုရင် မကြာခဏဆိုသလို စိတ်ကျရောဂါဖြစ်လေ့ရှိပြီ အဲ့ရောဂါကိုလဲ ပြီးခဲ့တဲ့လက ကုသမှုခံယုူခဲ့ရပါသေးတယ်။ ပရိသတ်တွေဟာလဲ JB ကိုဘယ်လိုနားလည်ရတော့မလဲ မသိကြတော့ပါဘူး။ JB ရဲ့ချစ်သူဟောင်းဖြစ်သူ Selena ကတော့ခုချိန်မှာ Album အသစ်ထွက်ရှိဖို့လုပ်ကာ သီချင်းအသစ်တစ်ပုင်္ဒကို ထွက်ရှိထားပါတယ်။ 

Source : Daily Mail Celebrity 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။