ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ရယ်စရာဟာသပြက်လုံးတွေနဲ့ ပရိသတ်တွေကို ရယ်မောပျော်ရွှင်အောင် ဖန်တီးနိုင်ခဲ့တဲ့ ဟာသလူရွှင်တော်ကြီး ဦးတိုင်းကျော်ဟာ လမ်းဘေးမှာ တောင်းရမ်းစားသောက်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်..။

အဆိုပါ စိတ်မကောင်းစရာ သတင်းတွေထွက်ပေါ်ပြီးနောက်ပိုင်း အနုပညာရှင်အသိုင်းအဝိုင်းနဲ့ ပရိသတ်တွေကလည်း အတော်လေးကို စိတ်မကောင်းဖြစ်ခဲ့ကြပြီး လူမှုကွန်ယက်စာမျက်နှာနဲ့ ပရိသတ်တွေကြား အတော်လေးကို ဂယက်ထသွားခဲ့ပါတယ်နော်..။

ဒီကနေ့မတ်လ(၁၅)ရက်နေ့လေးမှာတော့ မြန်မာနိုင်ငံသဘင်အစည်းအရုံးအဖွဲ့ဝင်များဟာ မန္တလေးမြို့က ဟာသလူရွှင်တော်ကြီး ဦးတိုင်းကျော် လမ်းပေါ်မှာ တောင်းရမ်း စားသောက်နေတယ်ဆိုတဲ့ သတင်းကြားကြားချင်းမှာပဲ ဦးတိုင်းကျော်ရဲ့ နေအိမ်ကို သွားရောက်စုံစမ်းလေ့လာမှုများ ပြုလုပ်ခဲ့ကြပါတယ်..။

မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)မှ အတွင်ရေးမှု(၁) ဦးဝင်းနောင်နှင့် မန်လေးတိုင်း

သဘင်အစည်းအရုံး အလုပ်အမှုဆောင်များ လူရွှင်တော်အသင်း (မန္တလေး)မှ

နာယကကြီးများနဲ့ အလုပ်အမှုဆောင်များ သွားရောက်စုံစမ်းခဲ့ကြပေမမယ့် ဦးတိုင်းကျော်ရဲ့ ဇနီးဖြစ်သူနဲ့သာ တွေ့ဆုံခဲ့ကြတယ်လို့ ဆိုပါတယ်နော်..။

ဦးတိုင်းကျော်ကို မတွေ့ခဲ့ရပေမယ့် ဇနီးဖြစ်သူကို မေးမြန်းစုံစမ်းခဲ့ရာ ဇနီးဖြစ်သူရဲ့ ပြောပြချက်အရ ဦးတိုင်းကျော်ဟာ မန္တလေးမြို့မှာ လက်ရှိ ပေ (၄၀×၆၀)ခန့်ရှိတဲ့ ခြံဝင်းနဲ့ ကိုယ်ပိုင်ပျဉ်ထောင်အိမ်လေးအပြင် အိမ်တစ်လုံးအားသီးသန့်ဆောက်လုပ်ထားပြီး တစ်လ (၁၅၀၀၀) နဲ့ ငှားရမ်းထားတယ်လို့ သိရပါတယ်နော်..။

အဆိုပါအကြောင်းအရာတွေဟာ fb ပေါ်မှာ ထါက်ပေါ်နေတဲ့ သတင်းတွေနဲ့လက်ရှိအခြေအနေတွေဟာ ကွဲလွဲမှုများရှိနေတာမို့ ဦးတိုင်းကျော်ကို ကိုယ်တိုင်တွေ့ဆုံပြီးမှ သိရှိရမည်ဖြစ်တဲ့အကြောင်းကို လူရွှင်တော်အသင်း(ရန်ကုန်)မှ ပြန်ကြားရေမှူး ဦးကောင်းကျော်က ပြောပြထားပါတယ်..။

Photo - ဦးကောင်းကျော်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။