တတိုင်းပြည်လုံးရှိပရိသတ်တွေက ချစ်ခင်အားပေးလျက်ရှိတဲ့သရုပ်ဆောင်မင်းသမီး ဝင့်ယမုံနိုင်ကို ပရိသတ်ကြီးအားအထူးတလည်မိတ်ဆက်ပေးစရာ မလိုဖူးထင်ပါတယ်နော်။ "စိတ်၏ခြေရာ"၊ "ကျမကမဟေသီ" စတဲ့ Mrtv-4 ရုပ်သံဇာတ်လမ်းတွဲတွေမှာ သဘာဝကျကျ ဇာတ်ရုပ်ပိုင်နိုင်စွာ သရုပ်ဆောင်ရိုက်ကူးခဲ့တာကို ပရိသတ်ကြီးအနေနဲ့ ရင်သက်ရှုမောဖွယ် အားပေးကြရမှာဖြစ်ပါတယ်။ Mrtv-4 မင်းသမီးဖြစ်ပြီး သူမရဲ့ မြန်မာဆန်ဆန် ဝတ်စုံလေးတွေနဲ့ ရိုးယဉ်စွာလှပနေတာကိုလည်း ပရိသတ်တို့ကြည့်ရှုခံစားကြရမှာပါနော်။

သူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေ အများဆုံးရိုက်ကူးလေ့ရှိပြီး ၊ ကြော်ငြာအများအပြားကိုလည်း လက်ခံရိုက်ကူးလိုက်တာဖြစ်ပါတယ်။ နောက်ထွက်မယ့် ရုပ်သံဇာတ်လမ်းတွေ အတွက်လည်းကြိုးစားပြင်ဆင် လျက်ရှိကြီး ပရိသတ်ကြီးတို့စောင့်မျှော်အားပေးကြရမှာပါ။ ချစ်စရာအမူအရာလေးတွေနဲ့ လူတိုင်းအပေါ် ရိုးသားဖြူစင်စွာ ပေါင်းသင်းဆက်ဆံတက်တဲ့အတွက်ကြောင့် ယောကျာ်းလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်အားပေးဝန်းရံလျက်ရှိတာဖြစ်ပါတယ်။

ဝင့်ယမုံနိုင်ဟာဆိုရင်ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာ မျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှုအမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်း "နှစ်လွှာပေါင်းတဲ့စွယ်တော်ရွက်လေးရေ .... ဘယ်တွေရောက်နေလဲ ....." ဆိုတဲ့ stauts လေးနဲ့အတူ မြန်မာဆန်ဆန်အလှပုံရိပ်လေးတွေနဲ့တကွ သူမရဲ့ official facebook acc တွင်ထုတ်ဖော်တင်ဆက်ပြသထားတာဖြစ်ပြီး Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်....။

Source Wint Yamon Naing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။