မော်လ်ဒယ်မင်းသားချောလေး ထက်အောင်ရှိုင်းလို့ ဆိုလိုက်တာနဲ့ နှုတ်ခမ်းနီလေးတွေရဲ့ အသည်းကျော် ပါးချိုင့်မင်းသားချောလေးတစ်ယောက်ကို ပြေးမြင်မိမှာပါနော်..။

ဥပဒေပညာနဲ့ ဘွဲ့ရရှိထားတဲ့ မော်လ်ဒယ်မင်းသားချောလေး ထက်အောင်ရှိုင်းဟာ အနုပညာလောကမှာ ပရိသတ်အားပေးမှုတွေ အခိုင်အမာနဲ့ အောင်မြင်မှုတွေရရှိထားသူပဲ ဖြစ်ပါတယ်..။

မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အများဆုံးရရှိထားတဲ့ ထက်အောင်ရှိုင်းကတော့ လူငယ်ပီပီ ပျော်ပျော်နေတတ်သူလည်း ဖြစ်ပါတယ်နော်..။

Tik Tok ဗီဒီယိုလေးတွေ ရိုက်ကူးပြီး မကြာခဏပြန်လည်မျှဝေလေ့ရှိတဲ့ မင်းသားချောလေး ထက်အောင်ရှိုင်းကတော့ အခုတစ်ခုမှာလည်း ရိုက်ကွင်းမှာ အပျင်းပြေဆော့ကစားထားကြတဲ့ Tik Tok အခွီဗီဒီယိုလေးကိုလည်း ပရိသတ်တွေကို အပျော်သဘောလေးနဲ့ မျှဝေလိုက်ပါသေးတယ်..။

ရိုက်ကူးရေးလုပ်ဆောင်နေရင်း အားလပ်ချိန်လေးတွေမှာ သရုပ်ဆောင်မင်းမင်သမီးချောမေသဉ္ဇာဦးအပြင် အခြားအနုပညာရှင်များနဲ့အတူ Tik Tok အခွီလေး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်နော်..။

စနောက်ရင်း အပျော်သဘောလေး ရိုက်ကူးထားကြတဲ့ ထက်အောက်ရှိုင်းရဲ့ Tik Tok အခွီဗီဒီယိုလေးကိုလည်း ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ထက်အောင်ရှိုင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။