မိတ်ကပ်ပညာရှင်တစ်ဦးလည်းဖြစ် သရုပ်ဆောင်တစ်ဦးလည်းဖြစ်လာပြီဖြစ်တဲ့ ညီညီမောင် (စမ်းချောင်း) (ခ) သုသု တစ်ယောက် သြင်္ကန်မှာ ဖျော်ဖြေဖို့အတွက် လာရောက် ကမ်းလှမ်းခံရတာပဲဖြစ်ပါတယ်။ အောင်မြင်တဲ့မိတ်ကပ်ဖန်တီးရှင်တစ်ဦးဖြစ်ပြီး ဟာသ Short Film လေးတွေ ဖန်တီးတတ်သူတစ်ဦးလည်းဖြစ်ပါတယ်။ ပရိသတ်တွေကို ရယ်မောစေ သူမို့ အားလုံးက ချစ်ကြသူတစ်ယောက်လည်းဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားကို လည်း ရိုက်ကူးထားပါသေးတယ်။

" ကျားကျားကြိုက်ကြိုက် " ရုပ်ရှင်ဇာတ်ကားရိုက်ကူးအပြီးမှာတော့ နောက်ထပ် ဇာတ်ကား တစ်ကားရိုက်ကူးဖို့ရှိတယ်လို့လည်းဆိုပါတယ်။ ဒီဇာတ်ကားကို ရိုက်ကူးတာကလည်း တကယ့်မိန်းမလျာအစစ်တွေအတွက် သူမတို့က လမ်းဖောက်ပေးတယ်လို့ဆိုပါတယ်။ မိန်းမလျာဆိုတာ နေတတ်ဖို့လိုပြီး နေတတ်မှသာ လူချစ်မယ်လို့ဆိုပါတယ်။ LGBT ဟာ လည်း လူထဲကလူပါပဲ လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က သူမတို့လေးယောက် စုပေါင်းပြီး သက်ကြီးရွယ်အို မိန်းမလျာတွေအတွက် သက်ကြီးပူဇော်ပွဲလုပ်ခဲ့ပါသေးတယ်။

ပိုက်ဆံရတိုင်းကိုယ်မတတ်ကျွမ်းတဲ့အနုပညာကို မလုပ်တဲ့ သုသုရဲ့စိတ်ဓာတ်လေးက တကယ်ကိုလေးစားစရာကောင်းလွန်းပါတယ်။ သြင်္ကန်မှာ သီချင်းဆိုဖို့ သူမကို လာရောက် ငှားရမ်းတဲ့အခါမှာတော့ သူမငြင်းလိုက်ပုံလေးကို " သြင်္ကန် သီချင်းဆိုဖို့ သိန်း (၁၅၀) နဲ့လာဌားတယ် သီချင်းဆိုလို့ရေချိူးရင်းနဲ့ပဲ ညည်းဖူးတာ ဆိုတော့ မဆိုတက်ဖူးလို႔ ငြင်းလိုက် တယ် ကိုယ်မှ တကယ်မကျွမ်းကျင်တာ နော်လို့ " ဆိုပြီး ပြောပြလိုက်တာပဲဖြစ်ပါတယ်။ သုသုတစ်ယောက် ဒီသြင်္ကန်မှာ ဘယ်လိုလန်းမယ်ဆိုတာတော့ အားလုံးနဲ့အတူတူ စောင့်ကြည့်ကြစို့နော်။

Photo - Nyi Nyi Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။