နာမည်ကျော် မင်းသားကြီး ဦးလွင်မိုးရဲ့ သမီးလေးတွေဖြစ်ကြတဲ့ ယွန်းဝတီလွင်မိုးနဲ့ ယွန်းနဒီလွင်မိုးတို့ ညီအစ်မနှစ်ယောက်ကတော့ ပရိသတ်တွေရဲ့အချစ်တော်လေးတွေပဲ ဖြစ်ကြပါတယ်။ ကြော်ငြာမင်းသမီးလေးတွေအဖြစ် ဖခင်ရဲ့အနုပညာအမွေကို ဆက်ခံခဲ့တဲ့ သူမတို့ညီအစ်မနှစ်ယောက်ကတော့ အခုချိန်ထိ ကြော်ငြာလေးတွေ အတူရိုက်ကူးနေဆဲ ဖြစ်ပါတယ်။ သမီးကြီး ယွန်းဝတီလွင်မိုးက အိမ်ထောင်ကျသွားပြီး သားလေးတစ်ယောက်တောင် ပိုင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ယွန်းဝတီက သားလေးကို မိဘတွေနဲ့ထားခဲ့ရပြီး သြစတေးလျမှာ ကျောင်းပြန်တက်နေရတာ ဖြစ်ပါတယ်။ စည်းစည်းလုံးလုံးနဲ့ အရမ်းကို ချစ်ဖို့ကောင်းတဲ့ သူတို့မိသားစုလေးကိုတော့ ပရိသတ်တွေနဲ့ အနုပညာရှင်တွေအားလုံးက ဝိုင်းချစ်နေရတာ ဖြစ်ပါတယ်။ အခုလည်း မေမေ မေသူက သမီးလေးနှစ်ယောက်ရဲ့ ချစ်စရာ ငယ်ဘဝပုံရိပ်လေးတွေကို အမှတ်တရ တင်ထားတာ တွေ့ရပါတယ်။

တစ်ချိန်က မင်္ဂလာပွဲတစ်ခုမှာ ပန်းကြဲလေးတွေအဖြစ် ပါဝင်ခဲ့ကြတဲ့ ယွန်းတို့ညီအစ်မနှစ်ယောက်ရဲ့ ပုံလေးတွေကို တင်ပေးထားတာပဲ ဖြစ်ပါတယ်။ ကလေးလေးအရွယ်ကတည်းက အရမ်းချစ်ဖို့ကောင်းတဲ့ သူမတို့ညီအစ်မက အခုချိန်အထိ ငယ်ရုပ်လေးတွေမပျောက်ဘဲ လှနေကြတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ယွန်းဝတီလွင်မိုးနဲ့ ယွန်းနဒီလွင်မိုးတို့ရဲ့ ချစ်စရာကောင်းတဲ့ ငယ်ဘဝပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: May Thu & Yun Waddy Lwin Moe;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။