ပရိတ်သတ်ကြီးရေ မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ကတော့ ပရိတ်သတ်တွေတင်မကဘဲ အနုပညာရှင်များကပါ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။အိန္ဒြာကျော်ဇင်ကို အူဝဲလို့ ချစ်စနိုးခေါ်ဝေါ်ကြပြီး ပရိတ်သတ်ရဲ့ အချစ်တွေများစွာကို ပိုင်ဆိုင်ထားပါတယ်နော်။အူဝဲက ဟိုးအရင်ရုပ်ရှင်တွေမှာကတည်းက ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် သူမရဲ့ဇာတ်ကားများက ပရိတ်သတ်တွေရဲရင်ကို ဖမ်းစားနိုင်ပါတယ်။

အိန္ဒြာကျော်ဇင်ရဲ့ ခေတ်တစ်ခေတ် လို့ ပြောရလောက်အောင်ပင် သူမက နာမည်ကြီးခဲ့ပါတယ်နော်။ချစ်စရာမျက်နှာလေးနှင့် အသည်းယားစရာဟန်ပန်အမူအရာတို့ကြောင့် ဖြူစင်တဲ့ကလေးလေးတစ်ယောက်လိုပါပဲနော်။ယခုချိန်မှာတော့ ကျော့ရှင်းလှပတဲ့အလှတရားများကို ပိုင်ဆိုင်ထားပြီး အသက်တစ်နှစ်ကြီးလေ ပိုနုလေ ဖြစ်ပါတယ်။အူဝဲက ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီ ပြေတီဦးနဲ့အတူ မိသားစုဘဝလေးကို တည်ဆောက်ထားပြီး သာယာအေးချမ်းတဲ့ မိသားစုလေးပါပဲနော်။

အူဝဲနဲ့ပြေတီဦးက ယခုချိန်ထိ လျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ အနုပညာရှင်တွေပါ။ဇနီးမောင်နှံနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် နားလည် ဖေးမခြင်းတွေနဲ့ ကူညီကြတာဖြစ်လို့ လူအများအားကျရတဲ့စုံတွဲလေးပါနော်။အူဝဲကတော့ ဘယ်အချိန်ကြည့်ကြည့် အရမ်းလှနေလို့ ကလေးနှစ်ယောက်အမေလို့တောင် မထင်ရပါဘူးနော်။အခုဆိုရင်လည်း အူဝဲက ရိုးရှင်းတဲ့အပြင်အဆင်နဲ့ ပွဲအခမ်းအနားကိုတက်ရောက်လာတဲ့ ပုံရိပ်လေးတွေကိုမျှဝေပေးလိုက်ပါတယ်နော်။

Source:Eaindra Kyaw Zin Fans

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။