သန္တာဗိုလ်က သရုပ်ဆောင်မော်ဒယ် အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အကယ်ဒမီ မင်းသမီး ချောရတနာရဲ့ တစ်ဦးတည်းသော ညီမလေးပဲဖြစ်ပါတယ်။အမဖြစ်သူရဲ့ အနုပညာအမွေကို ဆက်ခံထားသူမို့ သန္တာဗိုလ်ကလည်း ချောရတနာနဲ့ ရုပ်ချင်းဆင်တဲ့ အပြင် အနုပညာကလည်း အမခြေရာအတိုင်း နင်းနိုင်ပါတယ်နော်။ 

သန္တာဗိုလ်က ဇာတ်ကားတွေရိုက်ပြီး show ပွဲတွေကို လက်ခံပြီး အနုပညာအလုပ်ကို ပရိတ်သတ်အတွက် ကြိုးစားနေသူတစ်ဦးပါ။မော်ဒယ်သရုပ်ဆောင် ကောင်းပြည့်နဲ့လည်း မေတ္တာမျှနေကြပြီး ပျော်ရွှင်ရတဲ့ relationship တစ်ခုကို တည်ဆောက်နေကြပါတယ်။ကောင်းပြည့်နဲ့ သန္တာဗိုလ်က တွဲတာကြာပြီ ဖြစ်လို့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု့တွေ အပြည့်နဲ့ ရှေ့ဆက်နေကြတာလည်း ဖြစ်ပါတယ်။

သန္တာဗိုလ်ရဲ့ ဝါသနာတွေထဲက ဝါသနာတစ်ခုလေးကတော့ tiktok တွေဆော့နေရတာကို သဘောကျနေတာပါ။tiktok ဆို သူငယ်ချင်းတွေကိုလည်း ရိုက်ပေး သူကိုယ်တိုင်လည်း ရိုက်ထားတဲ့ tiktok တွေကို ပရိတ်သတ်တွေကို ချပြလို့ ပရိတ်သတ်တွေက သူမရဲ့ ခပ်မိုက်မိုက် tiktok တွေကိုလည်း အားပေးကြပါတယ်။အခုဆိုရင်တော့ သန္တာဗိုလ်က မိသားစုနဲ့အတူတူ လည်ပတ်လျှောက်သွားနေပြီး တိရိစ္ဆာန်လေးတွေနဲ့ပျော်မြူးနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကိုမျှဝေလိုက်ပါတယ်။

Source:Thandar Bo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။